Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 20, 2015

လာမည့်နှစ်တွင် ကျောင်းကားများအား အဝါရောင်အဖြစ် ပြောင်းလဲမည်



လာမည့်နှစ်တွင် ကျောင်းကားများအား အဝါရောင်အဖြစ် ပြောင်းလဲသွားမည် ဖြစ်ကြောင်း မထသ(ဗဟို)မှ သိရသည်။

လက်ရှိတွင် ကျောင်းကားများမှာ ပုံစံမျိုးစုံနှင့် အရောင်မျိုးစုံရှိ ပြီး ကျောင်းကားအဖြစ် ခွဲခြားရန် ခက်ခဲသည့်အတွက် ယင်းသို့ သတ်မှတ် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

”ကျောင်းကားတွေကို ခွဲခြားသိရှိစေဖို့ အရောင်ခွဲခြား သတ် မှတ်မှာပါ။ အဝါရောင်အဖြစ် ကျောင်းကားအရောင်တွေကို သတ် မှတ်မှာပါ။ အဲဒီလိုသတ်မှတ်လိုက်ရင် စနစ်တကျလဲ ဖြစ်သွားမှာ ပါ”ဟု ယင်းဌာနမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

လက်ရှိပြေးဆွဲလျက်ရှိသည့် ကျောင်းကားများကိုလည်း ပြောင်း လဲသွားမည်ဖြစ်ကြောင်း သိရသည်။

”ကျောင်းကားတွေကို မီနီဘတ်စ်အဖြစ် ပြောင်းလဲသွားမှာ ပါ။ အဲဒီလိုပြောင်းလဲလိုက်ရင် ကျောင်းသားကျောင်းသူတွေ အ တွက်လဲ အန္တရာယ်ကင်းရှင်းမှာပါ”ဟု မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှ အောင်က ပြောသည်။

မီနီဘတ်စ်အဖြစ် ပြောင်းလဲခြင်းအား ၂ဝ၁၅-၂ဝ၁၆ စာသင် နှစ်တွင် စတင်မည်ဖြစ်ကြောင်းသိရသည်။ ယင်းကဲ့သို့ ပြောင်းလဲ ခြင်းအား ရန်ကုန်မြို့အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်ရှိ ကျောင်းကား များအားလုံးအား ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။

”ပြောင်းလဲမှာကတော့ ရန်ကုန်မြို့အတွင်း ၁၄ မြို့နယ်မှာရှိ တဲ့ ကျောင်းကားတွေအားလုံးကို မီနီဘတ်စ်အဖြစ်ပြောင်းလဲသွား မှာပါ။ ပြောင်းလဲပြီးသွားရင်တော့ မီနီဘတ်စ်ကျောင်းကားယာဉ် တွေကို ဦးစားပေးယာဉ်အဖြစ် သတ်မှတ်ပေးသွားမှာပါ”ဟု ထပ်မံ ပြောကြားသည်။

ယင်းကဲ့သို့ မီနီဘတ်စ်အဖြစ် ပြောင်းလဲရမည်ဆိုပါက လွယ် ကူမည် မဟုတ်ကြောင်းလည်း ကျောင်းကြိုပို့ ယာဉ်မောင်းများက ပြောသည်။ ရန်ကုန်မြို့တွင်း၌ ကျောင်းကားစီးရေ နှစ်သောင်းခွဲ နီးပါးရှိနေကြောင်း သိရသည်။

‪#‎TheYangonTimes‬

No comments:

Post a Comment