Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 5, 2015

မြို့တော်ခမ်းမရှေ့ အကြမ်းဖက်ဖြိုခွင်းခံရသည့် ဆန္ဒပြ ၈၈ ကျောင်းသာများ အပါအဝင် အားလုံး ပြန်လည်လွတ်မြောက်


Written by  Mizzima News
ယုဝေ
ရန်ကုန်၊ မတ် ၆

မြို့တော်ခန်းမရှေ့တွင် မတ်လ ၅ ရက်က ကျောင်းသားများကို အကြမ်းမဖက်ရေး ဆန္ဒထုတ်ဖော်မှု ကြောင့် ဖမ်းဆီးရိုက်နှက်ခံခဲ့ရသည့် ကျောင်းသားများကို မတ်လ ၆ ရက် နံနက် ၆ နာရီခန့်အချိန်က ပြန်လည်လွတ်ပေးလိုက်ပြီဖြစ်သည်ဟု ဒီမိုကရေစီပညာရေးပြုပြင်ပြောင်းလဲမှု ဦးဆောင်ကော်မတီ အဖွဲ့ဝင် ကိုဇေယျာလွင်က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

အဖမ်းခံခဲ့ရသူများမှာ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းအဖွဲ့အစည်းမှ မနီလာသိန်း၊ မနုနုဇော်၊ ကိုမျိုးသန့်တို့ သုံးဦး နှင့် တက္ကသိုလ်ကျောင်းသားများဖြစ်သည့် မမေဇင်သော် (ရန်ကုန်တက္ကသိုလ်)၊ ကိုဇင်မင်းဖြိုး(ဒဂုံတက္ကသိုလ်)၊ ကိုသက်ကိုအောင်(ဒဂုံတက္ကသိုလ်)၊ ကိုဇော်လင်းထွန်း(ဒဂုံတက္ကသိုလ်)၊ ကိုပြည်ဇော် (ဒဂုံတက္ကသိုလ်)ဖြစ်သည်။

ကိုဇေယျာလွင်က “ အမြန်ဆုံးပြန်လွတ်လာတာက ကောင်းပေမယ့် ဒီကိစ္စအပေါ် ဘယ်သူက တာဝန်ခံမှာလဲ။ ဘယ်သူက တာဝန်ယူဖြေရှင်းပေးမှာလဲဆိုတာရှိလာပါတယ်။ ပြီးတော့ ဖမ်းဆီး ရိုက်နှက်တဲ့သူတွေက ရဲဝတ်ယူနီဖောင်းနဲ့မဟုတ်ဘူး။ လက်ပတ်တွေပဲပါတယ်။ ဒါဟာ စစ်အာဏာ ရှင်ခေတ်က စွမ်းအားရှင်ပုံစံကို ပြန်လည်အသက်သွင်းလိုက်သလိုပါပဲ လုံးဝရှုံချပါတယ်”ဟု ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် လက်ပံတန်းမြို့ရှိ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားများအနေဖြင့်လည်း စိုးရိမ်ပူပန်မှုများရှိလာနိုင်ပြီး စိုးရိမ်စရာအခြေအနေလည်း ဖြစ်ပေါ်လာနိုင်သည်ဟု ကိုဇေယျာလွင်ကဆိုသည်။

ကျောင်းသားများ ဖမ်းဆီးရိုက်နှက်ခံရမှုနှင့်ပတ်သက်၍ ကျောင်းသားများနှင့် ၈၈မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ပူးပေါင်း၍ မတ်လ ၅ ရက် ညနေက ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ဆန္ဒပြသည့်ကျောင်းသားများကို အကြမ်းဖက် ဖြိုခွင်း ရန် စေခိုင်းသူကို စုံစမ်းစစ်ဆေး ရေး ကော်မရှင် ဖွဲ့ကာ ဖော်ထုတ်ပေးရန် အစိုးရနှင့် လွတ်တော်ကို တိုက်တွန်းသွားမည်ဟု ပြောကြားခဲ့သေးသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-11/item/40293-2015-03-06-01-30-49

No comments:

Post a Comment