Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 5, 2015

ယာဉ်အိုယာဉ်ဟောင်း ၄၇၁၄၇ စီးကျော် မြင်းခြံသံမဏိစက်ရုံတွင် အပ်နှံမှု လက်ခံပြီးဖြစ်

မြင်းခြံ ၊ ၆-၃-၂၀၁၅
.
နိုင်ငံတစ်ဝန်းရှိ မော်တော် ယာဉ်အိုယာဉ်ဟောင်း များကို သက်ဆိုင်ရာ ဝန်ကြီးဌာန အစီအစဉ်ဖြင့် မြင်းခြံ သံမဏိစက်ရုံတွင် ၂ဝ၁၁ ခုနှစ်မှ စတင်အပ်နှံမှု လက်ခံခဲ့ရာ ယနေ့ထိ ယာဉ်အိုယာဉ်ဟောင်း ၄၇၁၄၇ စီးကျော်ကို အပ်နှံမှု လက်ခံပြီးကြောင်း စက်ရုံမှူး အထွေထွေ မန်နေဂျာ ဦးအေးဝင်း ထံမှ သိရသည်။
.
''၂ဝ၁၁ ခုနှစ်က စပြီးတော့ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုကို မြင်းခြံ သံမဏိ စက်ရုံမှာ စတင်လက်ခံ ခဲ့ပါတယ်။ ယနေ့အထိ ယာဉ်အိုယာဉ်ဟောင်း စီးရေ ၄၇၁၄၇ စီးကျော် တန်ချိန် ၅၃ဝ၃၇ ဒသမ ၆၃ တန်ကျော်ကို အပ်နှံပြီး ဖြစ်ပါတယ်။ နေ့စဉ် အပ်နှံခံခဲ့တာ ဖြစ်ပြီး တစ်နေ့ကို ယာဉ်အစီးရေ ၃ဝ ကနေ ၅ဝ လောက်ထိ အပ်နှံမှု လက်ခံပါတယ်'' ဟု ၄င်းက ပြောပြသည်။
.
ယာဉ်အိုယာဉ်ဟောင်း အပ်နှံမည့် သူများအနေဖြင့် ယာဉ်အမျိုးအစား မှန်ကန်မှု၊ ယာဉ်ပုံပန်း သဏ္ဌာန် မှန်ကန်မှု၊ ယာဉ်နံပါတ်၊ ဘောင်နံပါတ် မှန်ကန်မှုများ ရှိရမည့်အပြင် မောင်း၍ရသည့် ယာဉ်များကိုသာ အပ်နှံရမည် ဖြစ်သည်။
.
၎င်းအပြင် ယာဉ်မှတ်ပုံတင် သက်တမ်း ကြာမြင့်သောကြောင့် ဖျက်သိမ်းယာဉ် ထောက်ခံချက် ပုံစံ(ဃ) နှင့် ထောက်ခံချက်မူရင်း မိတ္တူနှစ်စောင်၊ လက်ခံရပြီး ပြေစာပုံစံ (စ)တို့ ပါရှိရမည် ဖြစ်သည်။ မြန်မာပြည် အထက်ပိုင်းရှိ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တောင်ပိုင်း စသည်တို့တွင် ပါဝင်သည့် မြို့ကြီးများမှ ယာဉ်အိုယာဉ်ဟောင်း များကို မြင်းခြံ သံမဏိစက်ရုံ တွင် နေ့စဉ်အပ်နှံမှု လက်ခံလျက် ရှိကြောင်း သိရသည်။ (၁၄၇)
.
Yadanarpondaily

No comments:

Post a Comment