အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဖျားနေ
သောကြောင့် လွှတ်တော်သို့ တက်ရောက်နိုင်ခြင်း မရှိဘဲ အိမ်တွင် အနားယူ
နေကြောင်း၊ ၎င်း၏ မိသားစု ဆရာဝန် ဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းက The Messenger
Media သို့ ပြောသည်။ အရမ်းကြီး နေမကောင်း ဖြစ်တာ မဟုတ်ပါဘူး။ သာမန်
နေမကောင်း ဖြစ်တာပါပဲ ဟု ၎င်းက ဆက်ပြောသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ (၁၆) ရက်နေ့နှင့် (၁၇) ရက်တို့တွင်
ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးနှင့် ပြည်ထောင်စု လွှတ်တော်
အစည်းအဝေး တို့ကို ကျန်းမာရေး အခြေအနေကြောင့် မတက်ရောက်နိုင်ခဲ့ပေ။
စိုးရိမ်စရာ မရှိပါဘူး။ စိုးရိမ်စရာ မရှိတဲ့အတွက် ကျွန်တော်တောင်
မလိုက်သွား ဖြစ်ပါဘူး ဟု ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန် ဒေါက်တာ
တင်မျိုးဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသည် ၂၀၁၂ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင်
ကျင်းပသည့် ရွေးကောက်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ လွှတ်တော်သို့
စတင် ၀င်ရောက်ခဲ့သည်။ ယင်းနောက် လွှတ်တော် အတွင်း နိုင်ငံရေးများကို
လုပ်ဆောင်လာ ခဲ့ရာ တရားဥပဒေ စိုးမိုးရေး ကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။
the messenger news
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, March 18, 2015
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်း၍ လွှတ်တော် (၂) ရက် မတက်နိုင်
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်း၍ လွှတ်တော် (၂) ရက် မတက်နိုင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 18, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment