လက်ပံတန်းမှာ ပဲခူးတိုင်းရဲတပ်ဖွဲ့ရဲ့ ပိတ်ဆို့မှုကိုခံထားရတဲ့ သပိတ်မှောက်
ပင်မစစ်ကြောင်းဟာ ၁ဝတန်းစာမေးပွဲနဲ့ သံဃာတော်တွေရဲ့ စာမေးပွဲကို ရှေ့ရှုပြီး
ရန်ကုန်ကို ကားနဲ့ချီတက်ဖို့အတွက် အချက် ၈ချက်ကို တောင်းဆိုလိုက်ပြီး
ပဲခူးတိုင်း နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးက အချက် ၃ချက်ကို
သဘောမတူဘူးလို့ နောက်ဆုံးသတင်းတွေ ရရှိပါတယ်။
သပိတ်မှောက်ကျောင်းသားတွေ တောင်းဆိုချက် ၈ချက်ကတော့ -
၁။ သာယာဝတီအထိ လမ်းလျှောက်မယ်
၂။ သာယာဝတီရောက်တဲ့အခါ ရန်ကုန်ကို ကားနဲ့သွားမယ်
၃။ ကားနဲ့သွားရာလမ်းတစ်လျှောက် ကျောင်းသားသမဂ္ဂအလံကိုလွှင့်မယ်
၎။ ကျောင်းသားသီချင်းဆိုမယ်
၅။ ရန်ကုန်ကို မော်တော်ကားကို မနှေးမမြန်မောင်းနှင်မယ်
၆။ ရွှေတိဂုံစေတီတော်ရင်ပြင်က ပထမကျောင်းသားသပိတ် ကျောက်တိုင် (သို့)
တက္ကသိုလ် သမဂ္ဂရင်ပြင်က ဗိုလ်အောင်ကျော်အုတ်ဂူမှာ သစ္စာအဓိဌာန်ပြုမယ်
၇။ လူစုခွဲမယ်၊ ရဲတွေ အာဏာပိုင်တွေ အတင်းအကြပ်ပြန်မပို့ရ
၈။ လုံခြုံရေးယာဉ်တန်းက ခွာပြီးလိုက်ရမယ်
ဖြစ်ပါတယ်။
နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဦးသက်ထွန်းကတော့ သာယာဝတီထိ
လမ်းလျှောက်မယ့်အချက်နဲ့ ကားပေါ်မှာ အလံလွှင့်ပြီး သီချင်းဆိုမယ့်အချက်တွေကို
လက်မခံဘူးလို့ တုံ့ပြန်ထားပါတယ်။
(ဓာတ်ပုံ- ဆန်းမင်းဦး/ကမာရွတ်မီဒီယာ)
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, March 2, 2015
ကျောင်းသားသပိတ် ၈ချက်တောင်း၊ အာဏာပိုင်တွေ ၃ချက် သဘောမတူ
ကျောင်းသားသပိတ် ၈ချက်တောင်း၊ အာဏာပိုင်တွေ ၃ချက် သဘောမတူ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 02, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 02, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment