မဇ္ဈိမ
မတ် ၂
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးရန်
သပိတ်မှောက်ကာ ရန်ကုန်သို့ ပြန်လည်ချီတက်ကြမည့် အမျိုးသားပညာရေး
ဥပဒေသပိတ်မှောက် ပင်မစစ်ကြောင်း သည် မတ်လ ၂ ရက် နံနက် ၈ နာရီ ၃၀ တွင်
စတင်လိုက်ပြီးနောက် ပဲခူးတိုင်း နယ်လုံဝန်ကြီးက ဆွေးနွေးရန် ကမ်းလှမ်းပြီး
ဆွေးနွေးခဲ့သော်လည်း ညိနှိုင်းမရဘဲဖြစ်ခဲ့သည်။ နယ်လုံဝန်ကြီး ဦးသက်ထွန်းက
ခွင့်မပြုနိုင်ဟုဆိုပြီး ကျောင်းသားများနှင့် အကြေအလည်ဆွေးနွေးခဲ့သော်လည်း
ပြေလည်မှုမရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျောင်းသားများက ဆွေးနွေးမှုကို
ခေတ္တရပ်ဆိုင်းထားလိုက်ပြီး အခြားသော ဆန္ဒပြ ကျောင်းသားများနှင့်
ပြန်လည်ဆွေးနွေးမည်ဖြစ်သည်။ ကျောင်းသားများ ရရှိလာသည့် အဖြေကို
နယ်လုံဝန်ကြီး ဦးသက်ထွန်းနှင့် ယနေ့ ဆက်လက် ဆွေးနွေးကြဦးမည်ဖြစ်သည်။
လက်ပန်တန်းမြို့ အောင်မြေဗိမ္မာန် ကျောင်းတိုက်အနီးရှိ တန် ၁၅၀ ဆန်စက်တွင်
ဆွေးနွေးနေကြခြင်းဖြစ်သည်။ ကျောင်းသားခေါင်းဆောင်များဖြစ်သည့်
နန္ဒစစ်အောင်၊ ကိုမြတ်သူ၊ ရှိန်းရာဇာထွန်း၊ ကိုမင်းသွေးသစ်တို့နှင့်
နယ်လုံဝန်ကြီး ဦးသက်ထွန်းတို့ ဆွးနွေးနေကြခြင်းဖြစ်သည်။
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးရန် သပိတ်မှောက်ကာ ရန်ကုန်သို့
ပြန်လည်ချီတက်ကြမည့် အမျိုးသားပညာရေး ဥပဒေသပိတ်မှောက် ပင်မစစ်ကြောင်း သည်
မတ်လ ၂ ရက် နံနက် ၈ နာရီ ၃၀ တွင် စတင်လိုက်ပြီး ဆန္ဒပြနေသည့် ပဲခူးတိုင်း
လက်ပန်တန်းမြို့ အောင်မြေဗိမ္မာန် ကျောင်းတိုက်အနီး ရဲကား ငါးစီးနှင့်
မီးသတ်ကား နှစ်စီး လုံခြုံရေးယူထားသည်ဟု ထိုနေရာသို့
သွားရောက်သတင်းယူနေသည့် မဇ္ဈိမ သတင်းထောက်က ပေးပို့သည်။
ပဲခူးတိုင်း နယ်လုံဝန်ကြီးက ကျောင်းသားများနှင့် ဆွေးနွေးလိုသည်ဟု
ကမ်းလှမ်းထားသည်။ ထို့ကြောင့် ဆန္ဒပြသည့် နေရာမှ နောက် ကိုက် ၁၀၀
ဆုတ်ထားပေးရန် ဒေသအာဏာပိုင်တို့က တောင်းဆိုလိုက်ခြင်းကြောင့်
ကျောင်းသားများ ကိုက် ၁၀၀ နောက်ဆုတ်ကာ ဆွေးနွေးရန် စောင့်ဆိုင်းနေသည်။
"ရဲကားတွေ၊ မီးသတ်ကားတွေမှာတော့ရဲတွေက အပြည့်ပဲ တစ်စီးကို အယောက် ၂၀
လောက်ရှိမယ်" ဟု မဇ္ဈိမ သတင်းထောက်က ပေးပို့သည်။ နောက်ဆုံးရရှိသည့် သတင်းအရ
လုံခြုံရေး ရဲအရာရှိ ၂၀၀ ခန့် ထပ်မံရောက်ရှိလာသည်ဟု မဇ္ဈိမက သတင်းထောက်က
ပေးပို့သည်။
ဆန္ဒုပြကျောင်းသားများသည် အောင်မြေဗိမ္မာန်
ကျောင်းဝင်းအတွင်း ဆန္ဒမှုစတင်နေခြင်းဖြစ်သည်။ ဆန္ဒပြ ကျောင်းသားများကို
ပညာရေးဝန်ကြီးဌာနက ဆန္ဒပြမှု ရပ်ဆိုင်းထားရန် ဖေဖေါ်ဝါရီလအတွင်း
လေးကြိမ်သတိပေးထားသည်။ အလားတူ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ဆန္ဒပြမှု
ရပ်ဆိုင်းရန် ဖေဖေါ်ဝါရီလ ၂၈ ရက်က သတိပေးလိုက်ပြီး ဆက်လက် လုပ်ဆောင်ပါက
အရေးယူမည်ဟု ထုတ်ပြန်ထားသည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, March 2, 2015
ဆန္ဒပြကျောင်းသားများနှင့် ပဲခူးတိုင်း နယ်လုံဝန်ကြီးတို့ ဆွေးနွေးမှု ရပ်ဆိုင်း
ဆန္ဒပြကျောင်းသားများနှင့် ပဲခူးတိုင်း နယ်လုံဝန်ကြီးတို့ ဆွေးနွေးမှု ရပ်ဆိုင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 02, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment