Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 20, 2015

မူးယစ်ဆေးဝါး တရားမ၀င် ကုန်သွယ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသည့် သြစတြေးလျ နိုင်ငံသားနှစ်ဦးကို ကွပ်မျက်မည့် အစီအစဉ် အင်ဒိုအစိုးရရွှေ့ဆိုင်း



အင်ဒိုနီးရှား အစိုးရသည် နိုင်ငံအတွင်း မူးယစ်ဆေးဝါး တရားမဝင် ကုန်သွယ်မှုဖြင့် သေဒဏ်ချမှတ် ခံထားရသည့် သြစတြေးလျ နိုင်ငံသား နှစ်ဦးကို ယခုလ အတွင်း ကွပ်မျက်မည့် အစီအစဉ်ကို ယမန်နေ့တွင် ရွှေ့ဆိုင်း လိုက်ကြောင်း သိရသည်။

အင်ဒိုနီးရှား အာဏာပိုင် များသည် အဆိုပါ သြစတြေးလျ နိုင်ငံသား နှစ်ဦး၏ အသနားခံစာ ကို အင်ဒိုနီးရှား သမ္မတထံသို့ ပေးအပ်မည့် အစီအစဉ်ကို တရားရုံးက ငြင်းဆိုခဲ့ခြင်း နှင့်စပ်လျဉ်း၍ ၄င်းတို့ နှစ်ဦး၏ အယူခံဝင်မှုကို တရားရုံးတော်က ဆိုင်းငံ့လိုက်ပြီး နောက်ပိုင်း အဆိုပါ ကြေညာချက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံ ထားရသည့် သြစတြေးလျ နိုင်ငံသား နှစ်ဦးဖြစ်သည့် ဆူကူမာရန် နှင့် အင်ဒရူးချန် တို့သည် နိုင်ငံအတွင်း တရားမဝင် မူးယစ်ဆေးဝါး ကုန်ကူးမှုဖြင့် ၂ဝဝ၅ ခုနှစ် အတွင်းက ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်ပြီး အင်ဒိုနီးရှား တရားရုံးက ၄င်းတို့ကို သေဒဏ်ချမှတ် ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ၄င်းတို့နှစ်ဦးကို ကယ်ဆယ်နိုင်ရေး အတွက် သြစတြေးလျ အစိုးရက အင်ဒိုနီးရှား နိုင်ငံနှင့် စေ့စပ်ဆွေးနွေး မှုများ ပြုလုပ်ခဲ့ သော်လည်း အင်ဒိုနီးရှား အစိုးရက လက်ခံခဲ့ခြင်း မရှိပေ။

၎င်းတို့နှစ်ဦး၏ အမှုနှင့် စပ်လျဉ်း၍ တရားရုံးက နောက်ဆုံး စီရင်ချက် ချမှတ်နိုင်ရန် အတွက် ဧပြီ ၁ ရက်တွင် စစ်ဆေးသွားမည် ဖြစ်ပြီး နောက်ဆုံး စီရင်ချက်ကို မကြာမီ ချမှတ် သွားမည် ဖြစ်ကြောင်း တရားသူကြီး အူဂျန်အဗ္ဗဒူလာ က ပြောကြား ခဲ့သည်။

ဆူကူမာရန် နှင့် အင်ဒရူးချန် တို့နှစ်ဦးသည် အင်ဒိုနီးရှား နိုင်ငံ၌ မူးယစ်ဆေးဝါး မှုဖြင့် ဖမ်းဆီးခံ ထားရသည့် ရာဇဝတ်သား ၁ဝ ဦးအနက် ပါဝင်လျက် ရှိပြီး ယခုအခါ ၄င်းတို့ကို ပြစ်ဒဏ် ချမှတ်မည့် ကျွန်းဖြစ်သည့် ဘာလီနိုင်းကျွန်း သို့ ပို့ဆောင်ပြီး ဖြစ်ကြောင်း သိရသည်။

#PyiChitThar


No comments:

Post a Comment