Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 30, 2015

ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှူဒါန်းသွား ခဲ့တဲ့ အသက် (၁၁) နှစ်အရွယ် ကလေးငယ်


တရုတ်နိုင်ငံမှာရှိတဲ့ ကလေးငယ် တစ်ဦးဟာ အသက်ငယ်ရွယ်ပေမယ့် မွန်မြတ်တဲ့ စိတ်ထားကြောင့် အားလုံးရဲ့ လေးစားမှုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကလေးငယ်ဟာ မကွယ်လွန်မီမှာ သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှူဒါန်းဖို့ မှာကြားခဲ့ ခြင်းကြောင့် ဖြစ်ပါ တယ်။ ဆရာဝန်တွေက ကလေးငယ်ရဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်ကို လေးစားမှု ရှိကြောင်း ပြသခဲ့ ပါတယ်။ ကလေးငယ်ရဲ့ ရုပ်အလောင်းဘေးမှာ ဆရာဝန် တွေ စုစည်းပြီး ဦးညွတ်တဲ့ ပုံစံပြခဲ့ပြီး ဒါကို လူမှုကွန်ရက်ပေါ် လွှင့်တင်မှု ပြုလုပ်ခဲ့ရာ ကလေးငယ်ရဲ့စိတ်ထားကို အားလုံးက ချီးကျူးမှု ပြုလုပ်ခဲ့ကြ ပါတယ်။

လီအန် အမည်ရ ကလေးငယ်ဟာ ဦးနှောက် ကင်ဆာရောဂါ ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ဒီရောဂါဝေဒနာကို အသက် ကိုးနှစ်ရွှယ်မှာ စတင် ခံစားခဲ့ရတာဖြစ်ပါတယ်။ လီအန်ရဲ့ မိခင်ဖြစ်သူဟာ သားဖြစ်သူ ဖြစ်ချင်တဲ့ ဆန္ဒတွေကို ဆောင်ရွက်ပေးသွားဖို့ အကောင်းဆုံး ကြိုးစားပေးခဲ့ ပါတယ်။ လီအန်က သူ မသေဆုံးခင်မှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှူဒါန်းမှု ပြုလုပ်ပေးဖို့ မိခင် ဖြစ်သူကို တောင်းဆိုခဲ့ ပါတယ်။

လီအန်က ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးမှာ ကြီးကျယ်တဲ့ ဆောင်ရွက်မှုတွေ ကို လုပ်ဆောင်နိုင်ခဲ့တဲ့ လူသားတွေ အများအပြား ရှိခဲ့ပါ တယ်။ ကျွန်တော့် အနေနဲ့ ကြီးကျယ်တဲ့ ကလေးတစ်ဦး ဖြစ်ချင်ပါတယ် လို့ မသေဆုံးခင်မှာ ပြောကြားမှု ပြုလုပ်ခဲ့ ပါတယ်။ လီအန်ရဲ့ ကျောင်းဆရာမ ဖြစ်သူ တစ်ဦး ကလည်း လီအန်ဟာ မသေဆုံးမီမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှူဒါန်းခြင်းနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ ပြုလုပ် ခဲ့ကြောင်း ဖွင့်ဟ ခဲ့ပါတယ်။ လီအန်ဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ လှူးဒါန်းမှု ပြုလုပ်ခဲ့ပြီး ကျောက်ကပ်နဲ့ အသည်းတို့ကို တခြားသူတွေထံ ပေးအပ်ပြီး အသက် ကယ်တင်မှု ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=34491

No comments:

Post a Comment