Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 30, 2015

အီဘိုလာ အရေးပေါ်အခြေအနေ ဂီနီနိုင်ငံမှာ ကြေညာ


ဂီနီနိုင်ငံ အနောက်ပိုင်းနှင့် အနောက်တောင်ပိုင်းရှိ ဒေသ ၅ ခုတွင် အီဘိုလာရောဂါ ပျံနှံ့မှု ထိန်းချုပ်ရန် ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ၄၅ ရက် သတ်မှတ်လိုက်ကြောင်း ဂီနီ သမ္မတ အယ်လ်ဖာကွန်ဒီက နိုင်ငံပိုင်မီဒီယာကနေ ကြေညာခဲ့ပါတယ်။

Forecariah, Coyah, Dubreka, Boffa နဲ့ Kindia ဒေသတွေမှာ အခုလို အရေးပေါ်အခြေအနေ ကန့်သတ် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

၂၀၁၃ ဒီဇင်ဘာတွင် ဂီနီနိုင်ငံမှာ အီဘိုလာရောဂါ စတင်ဖြစ်ပွားခဲ့ပြီး နောက် ပြီးခဲ့တဲ့ ဇန်န၀ါရီတွင် Liberia, Sierra Leone နဲ့ Guinea နိုင်ငံတို့မှာ ရောဂါဖြစ်ပွားမှု ငြိမ်သက်သွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကြေညာခဲ့ပါတယ်။

ဒါပေမယ့် အခုအခါ အဆိုပါ ၃ နိုင်ငံမှာ ရောဂါကူးစက်မှုတွေ ပြန်လည်ဖြစ်ပေါ်လာတဲ့အတွက် အီဘိုလာ ရောဂါ စိုးရိမ်စရာ ထပ်မံဖြစ်ပေါ်လာပြီး ဂီနီနိုင်ငံ ကမ်းရိုးတန်းဒေသတွေမှာ ရောဂါပိုး ပြောင်းရွှေ့ပျံ့နှံ့လာတယ်လို့ သမ္မတ အယ်လ်ဖာကွန်ဒီက ပြောပါတယ်။

Sierra Leone နိုင်ငံမှာလည်း မတ်လ ၂၇ ရက်နေ့ကစပြီး ၃ ရက်ကြာ အီဘိုလာရောဂါ ခြေချုပ်ကာလ အဖြစ် သတ်မှတ်ထားပါတယ်။

အနောက်အာဖရိက ဗဟိုပြုဖြစ်ပွားတဲ့ နိုင်ငံ ၉ ခုမှာ အီဘိုလာ ရောဂါကူးစက်ခံရသူပေါင်း
၂၄ ၀၀၀ ကျော်အနက် လူပေါင်း ၁၀ ၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment