Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 30, 2015

ဧပြီလမှာ ရုံတင်တော့မယ် ကာ့တ်ကိုဘိန်း ဇာတ်ကား


ကမ္ဘာ့အနောက်ခြမ်း ဒေသမှာ နွေရာသီရောက်ရင် ဇာတ်ကားကောင်းတွေ ပိုပြီးရုံတင်လေ့ရှိပါတယ်။ လာမယ့် ဧပြီလထဲမှာ ရုံတင်မယ့် ဇာတ်ကားကောင်းတွေထဲက ထူးထူးခြားခြား ထွက်လာဦးမယ့် ဇာတ်ကားက အမေရိကန် ရော့ခ်ဂီတဘုရင် ကာ့တ်ကိုဘိန်းအကြောင်း ရိုက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။


Nirvana တီးဝိုင်းခေါင်းဆောင် ကာ့တ်ကိုဘိန်းအကြောင်း ရိုက်ကူးသမျှ ဇာတ်လမ်းတွေထဲမှာ အခုထွက်လာမယ့် ဇာတ်ကားက ခွင့်ပြုချက်အပြည့်အဝနဲ့ သူ့ရဲ့ဘဝကိုကျောရိုးကို အပြည့်အဝပုံဖော်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုနီးပါး တီးဝိုင်းနဲ့အတူ အောင်မြင်မှုတွေ ဆွတ်ခူးခဲ့တဲ့ အကြောင်းတွေလည်း ပါဝင်ပါလိမ့်မယ်။ သူရဲ့မိသားစုနဲ့ ပထမဆုံးချစ်သူကို မေးမြန်းထားတဲ့ မေးမြန်းခန်း အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။


အဆိုတော် ကာ့တ်ကိုဘိန်းရဲ့ ထူးခြားတဲ့ အတွေးအခေါ်နဲ့အတူ ၁၉၉၄ မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တဲ့ အကြောင်းတွေကို ကွက်ကွက်ကွင်းကွင်း ပုံဖော်ထားတဲ့ အတ္ထုပတ္တိဇာတ်လမ်းဖြစ်လာမှာပါ။ ဒါရိုက်တာ ဘရက်မော်ဂန်က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

planet

No comments:

Post a Comment