Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 9, 2015

ရှားပါးတဲ့ ရောဂါလက္ခဏာကြောင့် သားအမိနှစ်ယောက်က အသက် ၇၀ အရွယ်အဘွားကြီးတွေ ပုံစံဖြစ်နေ



အမေရိကန်ပြည်ထောင်စုမှ သားအမိနှစ်ဦးရဲ့ ကြုံထောင့်ကြုံခဲရောဂါ လက္ခ ဏာက အသက်ငယ်ငယ်အရွယ်ကို အိုမင်းနေတဲ့ သဏ္ဍာန်ပုံပေါက်နေခဲ့တာ ဖြစ်ပါတယ်။ မိခင်အသက် ၄၅ နှစ် တရာစေးဂစ်ဆန် နဲ့ သမီးဖြစ်သူ အသက် ၁၈ နှစ်အရွယ် ဇာရာဟတ်ရှုန်တို့နှစ်ဦးစလုံးတို့က အသက် ၆၀၊ ၇၀ အရွယ်ရှိ အဘွားအို အမျိုးသမီးကြီးနှစ်ဦးပုံစံ ဖြစ်နေကြပါတယ်။
Lipodystrophy  လို့ခေါ်တဲ့ ဒီကြုံတောင့်ကြုံခဲ ရောဂါလက္ခဏာက အရေ ပြားအောက်က အဆီတွေကိုပျော်ဝင်လောင်ကျွမ်းစေကာ အသားရေကို တွန့် ရှုံ့သွားစေပြီး အိုမင်းရင့်ရော်အသက်ကြီး သွားခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်များက မိခင်ဖြစ်သူက သူမရဲ့ အိုမင်းနေတဲ့ ရုပ်ပိုင်းဆိုင်ရာရော ဂါလက္ခဏာအတွက် မျက်နှာအရေပြားပြန်လည် တင်းတင်းရင်းရင်းဖြစ် အောင် အမေရိကန်ပြည်ထောင်စု အမျိုးသားကျန်းမာရေးဝန် ဆောင်မှုဌာန သို့ သွားရောက်ကုသမှုခံယူခဲ့သော်လည်းပဲပျောက်ကင်းအောင် အာမခံချက် မရခဲ့ကာ ဆေးကုသခွင့် ငြင်းပယ်ခြင်းကိုခံခဲ့ရပါတယ်။

သို့ သော်လည်းပဲ မကြာသေးမီ နှစ်နှစ်အတွင်းကစပြီး သူမရဲ့ အသက် ၁၈ နှစ်အရွယ်သမီးဖြစ်သူအတွက်တော့ ကံကောင်းထောက်မစွာပဲ မျှော်လင့် ချက်ရောင်ခြည်သန်းခဲ့ပါတယ်။ အဲ့ဒါကတော့ အမေရိကန်ပြည်ထောင်စု ဆေးသုတေသန ဆရာဝန်များရဲ့ စစ်ဆေးသုတေသနပြုရလာဒ်တွေဖြစ်တဲ့ ပေါင် ငါးသောင်တန် ပလက်စတစ်ဆာဂျရီကို အခမဲ့စမ်းသပ်ပြုလုပ်ပေးခဲ့ တာကြောင့် သူမရဲ့ ရုပ်ရည်အိုမင်းလာခြင်းကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ တာပဲဖြစ်ပါတယ်။
Phothutaw

No comments:

Post a Comment