Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 9, 2015

ဘန်ကောက်တွင် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်လာနိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့ သတိပေးထား

တရားရုံး အဆောက်အအုံ တစ်ခုရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နောက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် လုံခြုံရေး သတိပေးချက် အဆင့်ကို မြှင့်တင် သတ်မှတ်ထားကြောင်း သတင်းရရှိသည်။
ဘန်ကောက်မြို့တော်ရှိ နေရာပေါင်း (၁၀၀)ကျော်ခန့်တွင် ဗုံးခွဲ တိုက်ခိုက်မှုများ ဖြစ်လာနိုင်ကြောင်း ရဲတပ်ဖွဲ့က သတိပေးထားသည်။ ထိုင်းမီဒီယာများက ရာဇဝတ်ခုံရုံး တစ်ခုရှေ့တွင် မတ်လ ၇ ရက်က ဗုံးဖောက်ခွဲမှုအတွက် လူနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။
ဘန်ကောက်မြို့လယ်တွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုမှာ အင်အားကြီးမားလှခြင်း မရှိသလို လူအသေအပျောက်လည်း မရှိခဲ့ချေ။ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူ တစ်ဦးက မိမိသည် တရားရုံးအနီး ကားပါကင်ထဲတွင် ဗုံးကို သွားရောက်ထားရှိပေးရန် အခကြေးငွေပေး ကမ်းလှမ်းခံရကြောင်း ထွက်ဆိုခဲ့သည်။
ရဲတပ်ဖွဲ့သည် ယခုအမှုနှင့် ပတ်သက်သည့် နောက်ထပ်လူ(၃)ဦးကို လိုက်လံ ရှာဖွေနေပြီး သံသယတရားခံများသည် ရှပ်နီ နိုင်ငံရေးသမားများဟု စွပ်စွဲထားသည်။ ရှပ်နီများသည် ယခင်ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာကို ထောက်ခံသူများ ဖြစ်ကြသည်။
ယခုဖြစ်ရပ် အပြီးတွင် ဘန်ကောက်ရှိ လူစည်ကားရာ နေရာအများအပြားတွင် ဗုံးခွဲ တိုက်ခိုက်မှုများ ရှိလာနိုင်ကြောင်း ရဲတပ်ဖွဲ့က သတိပေးခဲ့သည်။ ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်နှစ်၊ မေလအတွင်း စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုများ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ ရဲတပ်ဖွဲ့က မတ်လ(၇)ရက် ပေါက်ကွဲမှုတွင် ဗုံးသယ်ဆောင်လာသူ နှစ်ဦးကို လုံခြုံရေး ကင်မရာ မှတ်တမ်းများဖြင့် ဖော်ထုတ် ရှာဖွေနိုင်ခဲ့ကြောင်း ဆိုသည်။
ဘန်ကောက်မြို့လယ်ရှိ ဈေးဝယ်စင်တာ တစ်ခုတွင် ပြီးခဲ့သည့် တစ်လခန့်က လက်လုပ်ပိုက်ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ရာ လူနှစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုတွင် ဗုံးထောင်သူများ အနေဖြင့် လူအများ ထိခိုက် သေကြေစေရန်ထက် ကြောက်လန့်စေရန် အဓိက ရည်ရွယ်ခဲ့ကြောင်း ထောက်လှမ်းရေး အရာရှိများက မှတ်ချက်ပြုခဲ့သည်။
_Ref: CNA

http://7daydaily.com/story/33393#.VP3WyOGIXao

No comments:

Post a Comment