အဲဒါကတော့ နံရံတွေမှာ ခေတ်မီ သုတ်ဆေး တွေ ခြယ်သ သွားမှာ ဖြစ်ပါတယ်။ဒီသုတ်ဆေးဟာ အထူး ပြုလုပ်ထားတဲ့ဆေး ဖြစ်ပြီး နံရံကို ကျင်ငယ်ရည်ပန်း ပါက ပန်းသူကို ပြန်မှန်စေမှာ ဖြစ်ပါတယ်။ ဒီသုတ်ဆေးကို သဘောင်္တွေမှာ အသုံးပြုလေ့ ရှိပါတယ်။ ဒီသုတ်ဆေးကို ခြယ်သထားပါက ကျင်ငယ်ရည် မဆင်မခြင် စွန့်မှုတွေ လျော့နည်း သွားမှာ ဖြစ်ပြီး နံရံတွေက လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ ဂျူလီယာ စတာရွန် က ပြောခဲ့ပါတယ်။
ဂျူလီယာစတာရွန်ဟာ နံရံတွေမှာ ကျင်ငယ်စွန့်မှုတွေ လျော့ပါးသွားစေဖို့ ဆောင်ရွက်နေတဲ့ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဂျူလီယာစတာရွန် က ဒီသုတ်ဆေးဟာ နံရံတွေမှာ အညစ်အကြေးရှိနေ မှုကို သက်သာစေမှာ ဖြစ်ပြီး ဒေသခံတွေ အတွက် သဘောကျစေမှာ ဖြစ်ကြောင်း ဆက်လက်ဆိုခဲ့ ပါတယ်။ နံရံကို ကျင်ငယ်ရည်နဲ့ ပန်းပါက ပန်းသူကို ပြန်မှန်စေမယ့် သရုပ်ပြ ဗီဒီယိုဖိုင်ကို YouTube မှာပြသခဲ့ရာ စိတ်ဝင်တစား ကြည့်သူ အများအပြား ရှိခဲ့ပါတယ်။
ဒီဗီဒီယိုကို ဒီနေရာမှာ ကျင်ငယ်ရည်စွန့်လို့ မရပါဘူး။ ကျင်ငယ်ရည်စွန့်ပါက စွန့်သူကို ပြန်ထိစေမှာ ဖြစ်ပါတယ်လို့ အမည်ပေးထား ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး လုပ်ပါက ကုန်ကျငွေ မျာပြားမှာ ဖြစ်ပြီး (၆) စတုရန်းမီတာကို ဒေါ်လာ (၇၆၀) ခန့် ကုန်ကျမှာ ဖြစ်ပါတယ်။ ဂျူလီယာစတာရွန် ကတော့ နံရံတွေကို နေ့စဉ် သန့်ရှင်းရေး လုပ်နေမယ့် အစား ဒီသုတ်ဆေးကိုသာ သုတ်ထား ပါက ပိုပြီး ထိရောက်လို့ ကုန်ကျမှုနဲ့ ထိုက်တန်တဲ့ အကျိုးအမြတ်ကို ရရှိစေမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
http://world-myanmar.com/%E1%80%80%E1%80%BA%E1%80%84%E1%80%B9%E1%80%84%E1%80%9A%E1%80%B9%E1%80%9B%E1%80%8A%E1%80%B9%E1%80%80%E1%80%AF%E1%80%AD-%E1%80%94%E1%80%B6%E1%80%9B%E1%80%B6%E1%80%99%E1%80%BD%E1%80%AC-%E1%80%95%E1%80%94/