Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 30, 2015

မျက်နှာသေးသွယ်အောင် ပြုပြင်ထားတာမဟုတ်ဘူးလို့ ငြင်းလိုက်တဲ့ ဇေရဲထက်


မျက်နှာသေးသွယ် သွားစေရန်ဆေးလိမ်း၍ ပြုပြင်ထား သည်ဟူသော သတင်းများထွက် ပေါ်နေခြင်းမှာ မဟုတ်မှန်ကြောင်း သရုပ်ဆောင်ဇေရဲထက်က ငြင်း ဆိုလိုက်သည်။

ယခင်က ၎င်း၏မျက်နှာမှာ အနည်းငယ်ပြည့်ဖောင်းနေသော် လည်း နောက်ပိုင်းတွင် မျက်နှာ သေးသွယ်သွားသောကြောင့် ပရိသတ်များက မျက်နှာသေးသွယ် စေရန်ဆေးအသုံးပြုနေသည်ဟု ဝေဖန်ပြောကြားနေခြင်းအပေါ် ဇေရဲထက်က တုံ့ပြန်လိုက်ခြင်းဖြစ် သည်။

‘‘ပိန်သွားတာကတော့ ဒီရက် ပိုင်းအတွင်းမှာ အလုပ်များနေလို့ ပါ။ ကျွန်တော့်ခန္ဓာကိုယ်က ပိန် ချင်လို့လည်းရတယ်။ ၀ချင်လို့ လည်းရတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားတာပါ။ ကျွန်တော်ပိန်ချင် တယ်ဆိုရင် ထမင်းမစားဘဲနေ လိုက်ရင် မျက်နှာရော ခန္ဓာကိုယ် ပါ အော်တိုပိန်သွားတယ်။ဝချင် ရင် များများစားလိုက်တယ်’’ဟု သရုပ်ဆောင်ဇေရဲထက်ကဆို သည်။ အနုပညာသက်တမ်း ခြောက်နှစ်ရှိပြီဖြစ်သော်လည်း ယခုနှစ်အတွင်းမှ ဗီဒီယိုဇာတ် ကားများနှင့် ရုပ်ရှင်ကားများစွာ ရိုက်ကူးလာရသည့်အပေါ် ကျေ နပ်မိကြောင်း၊ အနုပညာနှင့်ပတ် သက်၍ သရုပ်ဆောင်အလုပ်တစ် မျိုးတည်းကိုသာ ဇောက်ချလုပ်ကိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ဒါရိုက်တာကို ပေါက်ရိုက်ကူးသည့်အစွဲချွတ်ပွဲဗီဒီယိုဇာတ်ကား၌ ၀ိညာဉ်ဇာတ်ရုပ်ဖြင့်သရုပ်ဆောင်နေပြီး ယင်းဇာတ်ကားပြီးလျှင် ဒါရိုက်တာကိုပေါက်နှင့် ဗီဒီယိုဇာတ်ကားတစ်ကားထပ်မံရိုက်ကူးရန် ရှိသေးကြောင်း ၎င်းကပြောသည်။

သရုပ်ဆောင်ဇေရဲထက် သည် D2အင်္ကျီကြော်ငြာတွင် သ ရုပ်ဆောင်ဟိန်းဝေယံနှင့်အတူတွဲ ၍ သရုပ်ဆောင်ထားခြင်းကြောင့် ညီအစ်ကိုဟု ပရိသတ်များထင် မှတ်ခြင်းခံရပြီး ယင်းကြော်ငြာ ကြောင့် ပရိသတ်အားပေးမှုကို စတင်ရရှိခဲ့သည်။ ပြီးခဲ့သည့်လက ရုံတင်ခဲ့သည့် အွန်လိုင်းပေါ်က ၀ိညာဉ်ရုပ်ရှင်ဇာတ်ကားတွင် နေတိုး၊ ဖွေးဖွေးတို့နှင့်အတူ တွဲဖက်သရုပ်ဆောင်ထားသည်။
7daydaily.com

No comments:

Post a Comment