Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 30, 2015

မမျှော်လင့်ဘဲ သားလေးတစ်ဦး ထပ်ရလို့ ပျော်ရွှင်နေတဲ့ မင်းမော်ကွန်း

ဆယ်ကျော်သက်အ ရွယ်သားတစ်ဦးနှင့် သမီးငယ်တစ် ဦးပိုင်ဆိုင်ထားသည့် သရုပ် ဆောင်အကယ်ဒမီမင်းမော်ကွန်း အတွက် သားအငယ်ဆုံးလေးကို ၎င်း၏ ဇနီးက မတ်လ၂၉ရက်တွင် မွေးဖွားပေးခဲ့ပြီး မမျှော်လင့်ဘဲမိ သားစုအတွင်း သားငယ်လေးတစ် ဦးထပ်မံရရှိခဲ့သည့်အတွက် အ လွန်ဝမ်းသာမိကြောင်း သရုပ် ဆောင်အကယ်ဒမီမင်းမော်ကွန်း ကပြောသည်။

‘‘မမွေးခင်ကတည်းကပျော် နေတာပါ။ ရှေ့က ကလေးနှစ် ယောက်နဲ့ အသက်ကတော့ကွာ ပါတယ်။ ဒါကလည်း တမင်လုပ် ယူတာမဟုတ်ပါဘူး။ သားဆက် ခြားထားတာလည်းမရှိပါဘူး။ က လေးလည်းမရနိုင်တော့ဘူးထင် ထားတာ။ အခုကျမှ မမျှော်လင့်ဘဲ သားလေးတစ်ယောက်ထပ်ရ တယ်ဆိုတော့ ဖခင်တစ်ဦးအနေနဲ့ အရမ်းကို ၀မ်းသာပါတယ်။ ဘာ နာမည်ပေးမယ်တော့မစဉ်းစားရ သေးပါဘူး’’ဟု မင်းမော်ကွန်းက ပြောသည်။

မင်းမော်ကွန်း၏ ဖခင် သရုပ်ဆောင်ဇင်ဝိုင်းကလည်း မြေး ငယ်လေးတစ်ဦး ထပ်ရသည့် အတွက် ၎င်း၏လူမှုကွန်ရက်စာ မျက်နှာတွင် ‘‘လာခြင်းကောင်းသူ ဖြစ်ပါစေ။ ဒီနေ့ မနက် ၆း၃၀နာရီ မှာ ကျွန်တော့်အတွက် မြေးတစ် ယောက်လောကကြီးထဲရောက် လို့လာပါတယ်။ ယောက်ျားလေး ဖြစ်ပြီး စတုတ္ထမြောက်မြေးလေး ပါ။ နိုင်ငံအတွက် လောကအ တွက်လာခြင်းကောင်းသူဖြစ်ပါ စေမြေးရေ’’ဟု ဂုဏ်ပြုရေးသား ထားသည်။

7daydaily

No comments:

Post a Comment