Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 30, 2015

ကိုယ်ဝန်ဆောင်အမျိုးသမီးထံမှ သန္ဓေသားကိုထုတ်ဖယ်ခဲ့သော အမျိုးသမီး ထောင်ဒဏ်နှစ် ၁ဝဝ ကျခံရဖွယ်ရှိ

အမေရိကန်ပြည်ထောင်စု ကော် လိုရာဒိုပြည်နယ်မှ အမျိုးသမီးသည် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ကို ဓားဖြင့်ထိုးပြီး ခုနစ်လရှိ သန္ဓေ သားကို ထိုအမျိုးသမီးထံမှ ထုတ်၍ ဖယ်ရှားလိုက်သည်။

ထိုအမျိုးသမီး ကို ရာဇဝတ်မှုများဖြင့် မတ် ၂၇ ရက် ၌ စွဲချက်တင်လိုက်သည်။ သူမသည် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထောင် ဒဏ် နှစ်ပေါင်း ၁ဝဝ ကျော်ကျခံရ ဖွယ်ရှိကြောင်း သိရသည်။

ဒိုင်နဲလ်လိန်းသည် အသက် ၃၄ နှစ်ရှိပြီး သူမကို သန္ဓေသားသေ ကြေပျက်စီးဆုံးရှုံးရခြင်း အတွက် တရားစွဲဆိုခြင်းမရှိချေ။ စွဲချက်တွင် လူသတ်ရန်ကြိုးပမ်းမှုနှင့် ကိုယ်ဝန် ဖျက်ချပစ်ခြင်းတို့လည်း ပါဝင်သည်။

သန္ဓေသားသည် အသေမွေးမည် အရှင်မွေးမည်ဟူ၍ တိကျသေချာ စွာ မဆုံးဖြတ်နိုင်သောကြောင့် ကော် လိုရာဒိုပြည်နယ် ဥပဒေအရ သန္ဓေ သားပျက်စီးခြင်းကို လူသတ်မှုဖြင့် တရားစွဲဆိုခြင်းမပြုနိုင်ဟု ဘိုလ်ဒါ စီရင်စု၊ ခရိုင်ရှေ့နေစတန်လီအယ်လ် ဂါနက်ထ်က မတ် ၂၇ ရက်၌ဆို သည်။

လူအများအပြားတို့ကမူ ဒိုင် နဲလ်လိန်းကို သန္ဓေသားသေဆုံးရ ခြင်းအတွက် တရားစွဲဆိုစေလိုကြ သည်။ လိန်းသည် နှစ်ကာလရှည် လျားစွာ ထောင်ဒဏ်ကျခံရမည်ဖြစ် ရာ သူမသည် ထောင်ထဲမှာပင် သေ ဆုံးရဖွယ်ရှိသည်ဟု စတန်လီအယ်လ် ဂါနက်ထ်ကဆိုသည်။

ကလေးနှစ်ယောက်မိခင်လိန်း သည် အသက် ၂၆ နှစ်ရှိ မီချဲလ်ဝီလ် ကင်စ်ကို သွေးဆောင်ဖြားယောင်း ရန် Craigslist ကြော်ငြာကို အသုံး ပြုခဲ့ကြောင်း၊ ကလေးအင်္ကျီများဝယ် ပေးမည်ဟုဆိုကာ ဝီလ်ကင်စ်ကို မတ် ၁၈ ရက်၌ သူ့အိမ်သို့ခေါ်ကြောင်း၊ ထို့နောက် ဝီလ်ကင်စ်ကို တိုက်ခိုက် ပြီးနောက် ခုနစ်လရှိသန္ဓေသားကို ဗိုက်ခွဲ၍ထုတ်ယူရန် သုံးလက်မရှည် သော ဓားတစ်ချောင်းကို အသုံးပြု ခဲ့ကြောင်း ရဲအဖွဲ့ကဆိုသည်။

လိန်းသည် ဝီလ်ကင်စ်၏သန္ဓေ သားကိုထုတ်ယူပြီးနောက် နာရီပိုင်း အကြာတွင် သန္ဓေသားကို ဆေးရုံ သို့ယူသွားပြီး ဝီလ်ကင်စ်သည် ကလေး ကို အသေမွေးမည်ဟုအထင်ရှိနေ ကြောင်း၊ ထိုနေ့ အနှောင်းပိုင်းမှာ ပင် လိန်းကို ရဲကဖမ်းဆီးလိုက်ကြောင်း၊ ဝီလ်ကင်စ်သည် တိုက်ခိုက်ခံရသော် လည်း အသက်မသေဘဲ နောက်နေ့ တွင် ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း ရဲအဖွဲ့ကဆိုသည်။

လူသတ်ရန် ကြိုးပမ်းမှုတစ်မှု၊ ပထမအဆင့် တိုက်ခိုက်မှုနှစ်မှု၊ ဒုတိယအဆင့် တိုက်ခိုက်မှုနှစ်မှုနှင့် ပထမဆင့် ကိုယ်ဝန်ဖျက်ချမှုတစ်မှု တို့ဖြင့် စွဲချက် တင်ခံရသည်ဆိုသည် ကို ခရိုင်ရှေ့နေချုပ်ရုံး၏ အဆိုအရ သိရ၏။

လိန်းသည် လူသတ်ရန်ကြိုးပမ်း မှုတစ်မှုတည်းအတွက်ပင် ထောင် ဒဏ် ၁၆ နှစ်မှ ၄၈ နှစ်အထိချခံရ ဖွယ်ရှိသည်။ ကိုယ်ဝန်ဖျက်ချမှုအ တွက် ထောင်ဒဏ် ၁ဝ နှစ်မှ ၃၂ နှစ်အထိ ချခံရဖွယ်ရှိသည်။

‪#‎Democracytoday‬

No comments:

Post a Comment