အလှအပကို
မိန်းကလေးတိုင်းနီးပါး စိတ်ဝင်စားကြပါတယ်။ ပရိသတ်အများ အားပေး
လက်ခံချစ်ခင်နေကြတဲ့ အနုပညာရှင်တွေဆို ပိုလို့တောင် အလှအပနဲ့ပတ်သတ်ပြီး
ဂရုစိုက်ကြရပါတယ်။ စိတ်ဝင်တစားလည်း လေ့လာကြပါတယ်။ အနုပညာရှင်တွေထဲက
အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ မဆုကဗျာက အလှအပကိုနှစ်ခြိုက်ပြီး သဘာဝနဲ့လှပတဲ့
အမျိုးသမီးတစ်ယောက်အဖြစ် လှပစေချင်တဲ့ ဆန္ဒနဲ့ ဂျပန်နိုင်ငံကနေ
ထုတ်လုပ်ဖြန့်ချိတဲ့ SECCA Skin Care မြန်မာနိုင်ငံမှာ
ဖြန့်ချိရောင်းချဖြစ်တာနဲ့ပတ်သက်ပြီး ခုလို ပြောပြသွားပါတယ်။
-ဒီ SECCA ဆိုတဲ့ Cosmetic ပစ္စည်းလေးကို စတင်တင်သွင်းဖြန့်ချိဖြစ်ပုံလေးကိုပြောပြပါဦး။
ဒါက ဂျပန်မှာ စက်ရုံရှိတယ်။ ဒီ SECCA ကိုမြန်မာနိုင်ငံမှာ
ကိုယ်တိုင်ဖြန့်တာပါ။ သူများဖြန့်ပြီးသား ပစ္စည်းကို ယူဖြန့်တာ မဟုတ်ပါဘူး။
ကိုယ့်ရဲ့ မြန်မာအမျိုးသမီတွေအတွက်ကို အစ်မဘာသာ ဖော်မြူလာထုတ်ပြီး
လုပ်တာပေါ့နော်။ ၀က်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်၊ အဆိပ်ထုတ် လို့ရတယ်။
မျက်နှာကို V shape ပုံစံကို ဂျယ်လ်နဲ့လုပ်လို့ရတယ်ပေါ့။ အစ်မရုံးချုပ်က
ခြံအမှတ် ( ၇၀ ) ဖိုးစိန်လမ်း၊ နတ်မောက်လမ်းသွယ် ( ၁ ) ( ၂ )
ဖိုးစိန်လမ်းထောင့် ဗဟန်းပေါ့နော်။ ဒီနေ့အစီအစဉ်လေးကတော့ Lavendar Beauty
Spa မှာ ဒီဆိုင်ပိုင်ရှင် အန်တီဖြူနဲ့က အမျိုးလိုဖြစ်နေတော့ SECCA
ပစ္စည်းလေးကို ပရိုမိုးရှင်းလာလုပ်ပေးတာပေါ့။ ဒီဆိုင်မှာပဲ Customer တွေရဲ့
မျက်နှာကို Facial လုပ်ပေးပါတယ်။
-SECCA skin care ရဲ့ ဈေးနှုန်းတွေကရာ ဘယ်လောက်လောက်ရှိမလဲ။
Cleaning Form ဆိုရင် နှစ်သောင်းခွဲ၊ လိုးရှင်းဆို သုံးသေင်း၊ V – Shape
ဂျယ်လ်ကတော့ သုံးသောင်းခွဲပါ။ အစ်မတို့ အဓိကက ဂျပန်ကနေ ဆရာမတစ်ယောက်ကို
ဖိတ်ပြီး အစ်မတို့ ရုံးမှာရှိတဲ့ ၀န်ထမ်းညီမလေးတွေကို သင်တန်းသဘောမျိုး
သင်ပေးတာပေါ့။ မျက်နှာမှာရှိတဲ့ သွေးကြောတွေကို ဖြေပေးတယ်။ မျက်နှာကို
နှိပ်ပေးတယ်ပေါ့။ အသားအရေအတွင်းဆုံးကို ပြင်ပေးတာပေါ့။
မိတ်ကပ်လိမ်းတာဆိုရင် လှတော့လှသွားတယ်။ ဒါပေမဲ့ ပြီးရင်
ဒီတိုင်းပြန်ဖြစ်သွားရော။ အဓိကကတော့ မျက်နှာကို သဘာဝအတိုင်း
လှနေစေချင်တာပေါ့။ ဒါပါပဲ။
-V-shape လုပ်တဲ့ဟာက အချိန်ဘယ်လောက်အကြာမှာ သိသာစေလဲ။
နာရီဝက်အတွင်း သိသာပါတယ် ညီမလေး။ မျက်နှာကို နှိပ်မယ် ။ V-shape
လုပ်မယ်ဆို နာရီဝက်နဲ့ကို သိသာတယ်။ တစ်ကြိမ်ဆို ၂ပတ်ခံတယ်။ အစ်မတို့က ၃
ကြိမ် Free လုပ်ပေးတယ်။ ၃ကြိမ်ပြီးရင် တော်တော်ကြီးကို V – shape
ဖြစ်သွားပြီ။ အာမခံပါတယ်။ အစ်မဆိုင်မှာဆို အနုပညာရှင်တော်တော်များများ
လာလုပ်ကြတယ်။ မကြီးစိုး၊ မြတ်ကေသီအောင်၊ ဆုပန်ထွာ၊ ခရစ်စနီးနား၊ ထားထက်ထက်၊
အေးချမ်းမိုး၊ မင်းသားထဲမှာဆိုလဲ လာလုပ်ကြတယ်။ အစကတော့ မင်းသမီးတွေပဲပေါ့။
နောက်ပိုင်းကျတော့ ကိုယ်နဲ့လဲ ခင်တဲ့ခါကျတော့ မင်းသားတွေလဲ လုပ်ပေးပါတယ်။
-ဒီ Skin care နဲ့ပတ်သတ်ပြီး အာမခံချက် ပေးနိုင်တာကရော ဘာများရှိမလဲ။
အစ်မတို့ရဲ့ ဗူးတံဆိပ်တွေမှာရော၊ လက်ဆွဲအိတ် တံဆိပ်တွေမှာရော Produced by
Su Kabyar ဆိုပြီး အစ်မရဲ့နာမည်နဲ့အာမခံပေးထားတယ်။ ဘာလို့ဆုကဗျာ
ထုတ်လုပ်သည်လို့ရေးထားရလဲဆိုတော့ တစ်နေရာရာကနေ လာတဲ့အလှကုန်တွေ ၀ယ်တဲ့ခါ
ကိုယ်နဲ့မတည့်ရင် ဘာဖြစ်လို့ဖြစ်မှန်းမသိ ဘယ်သူ့သွားပြီး ပြသနာရှာမလဲ
မသိရဘူးပေါ့နော်။ အစ်မဆီက ၀ယ်သွားပြီး မျက်နှာနဲ့မတည့်တာ ဘာညာဖြစ်ရင်
ဆုကဗျာကို အချိန်မရွေးပြသနာလာရှာပါ။ အဲ့ဒီတော့ အစ်မရဲ့ အာမခံချက်က
အစ်မနာမည်ပါ။
-ဒီလုပ်ငန်းကိုလုပ်ဖြစ်ခဲ့တာကရော ၀ါသနာပါလို့လား။
ဟုတ်တယ်။ အရင်ကတည်းကလဲ ကိုယ်က သရုပ်ဆောင်လုပ်တဲ့ခါကျတော့
အလှအပနဲ့နေ့တိုင်း ထိတွေ့နေရတယ်။ ကားမရိုက်ဖြစ်တော့ဘူး ဆိုပေမဲ့
ကိုယ်ကိုတိုင်ကိုက အလှအပကိုကြိုက်တဲ့အတွက် ကိုယ့်ရဲ့စီးပွားရေးကို
ဒီလုပ်ငန်းနဲ့ရပ်တည်ဖို့စဉ်းစားခဲ့တာပေါ့။ နောက်ထပ်လဲ Hair Care တွေ
ထပ်သွင်းဖို့ရှိပါသေးတယ်။ ဒီ Skin Care က ဖြန့်တာ ၄ လလောက်ပဲ ရှိပါသေးတယ်။
ဒါပေမဲ့ အချိန်တိုလေးအတွင်းမှာ Customer တွေအားပေးကြတဲ့အတွက်လဲ
အရမ်းကျေနပ်မိပါတယ်။ အစ်မက ကိုယ့်ဟာကို ထုတ်လုပ်တာဆိုတော့ သူများထက်စာရင်
အရမ်းပင်ပန်းပါတယ်။
-V-shape လုပ်တဲ့အတွက် ဆိုးကျိုးတွေ ဘာတွေရောရှိနိုင်မလား။
မရှိနိုင်ဘူး ။ညီမအဲ့ဒါလဲ အာမခံပါတယ်။ အစ်မတို့က ဆေးထိုးတာ မဟုတ်ဘူး။
စက်လဲမသုံးဘူး။ Chemical ပစ္စည်းလဲမပါဘူး။ သဘာဝနဲ့ပဲလုပ်တာ။ လက်နဲ့နှိပ်ပြီး
သဘာဝနည်းပညာဆိုတော့ မျက်နှာကြီးတဲ့သူရော ၊သေးတဲ့သူရော
ဘာဘေးထွက်ဆိုးကျိုးမှ မရှိနိုင်ပါဘူး။
trend myanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, February 13, 2015
ဂျပန်ကတင်သွင်းလာတဲ့ SECCA Skin Care အကြောင်းသာမက မျက်နှာ V-Shape လုပ်တဲ့အကြောင်းတွေကို ပြောပြပေးသွားတဲ့ သရုပ်ဆောင်ဆုကဗျာ
ဂျပန်ကတင်သွင်းလာတဲ့ SECCA Skin Care အကြောင်းသာမက မျက်နှာ V-Shape လုပ်တဲ့အကြောင်းတွေကို ပြောပြပေးသွားတဲ့ သရုပ်ဆောင်ဆုကဗျာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 13, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment