Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 13, 2015

ISIS ကကွပ်မျက်ပြီး ဗီဒီယိုထုတ်လွှင့်ခဲ့သော နိုင်ငံခြားသား ဓားစာခံများ


ISIS ကကွပ်မျက်ပြီး ဗီဒီယိုထုတ်လွှင့်ခဲ့သော နိုင်ငံခြားသား ဓားစာခံများ

ISIS အကြမ်းဖက် သမားတွေဟာ နိုင်ငံခြားသား ဓားစာခံတွေ အမြောက်အမြား ဖမ်းဆီးခဲ့ ရာမှာ အများစုက အမေရိကန် နဲ့ ဗြိတိသျှ နိုင်ငံသားတွေ ဖြစ်ခဲ့ပါတယ်။ သက်ဆိုင်ရာ နိုင်ငံက သူတို့ရဲ့ တောင်းဆိုချက် တွေကို မလိုက်လျော ဘူးဆိုရင် ဓားစာခံ တွေကို ရက်ရက်စက်စက် ကွပ်မျက်လေ့ ရှိပြီး အချို့ကို ကွပ်မျက်တဲ့ အခါ ဗီဒီယိုဖိုင် ထုတ်လွှင့်ပြီး နိုင်ငံရေး အမြတ်ကို ထုတ်တတ် ပါသေးတယ်။

အခုနောက်ဆုံး ဂျော်ဒန် တိုက်လေယာဉ်မှူး ကို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့တဲ့ အထိ ISIS တို့ရဲ့ ရက်ရက် စက်စက် သတ်ဖြတ်ခြင်း ခံရပြီး ဗီဒီယို ဖိုင်ပါ ထုတ်လွှင့်ခံ ရသူတွေကို ဖော်ပြသွား ပါမယ်။

၁။ ၂ဝ၁၄ခုနှစ် သြဂုတ် ၁၉ ရက် ။ ဒီနေ့မှာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်ပေါင်းစုရဲ့ လေကြောင်း တိုက်ခိုက်မှု ကာလအတွင်း ပထမဆုံး ကွပ်မျက်ခံရပြီး ဗီဒီယိုဖိုင် ထုတ်လွှင့်ခံ ရသူဟာ အမေရိကန် သတင်းစာဆရာ ဂျိမ်းဖိုလီ ၄ဝ နှစ် ဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ်က တူရကီနယ်စပ် ကိုအသွား ဆီးရီးယားမှာ ပြန်ပေးဆွဲခံ ရတာဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုကို မကျေနပ်တဲ့ အတွက် ISIS က ဂျိမ်းဖိုလီကို ကွပ်မျက်ခဲ့  ပါတယ်။ ကွပ်မျက် နေတာကို ဗီဒီယိုရိုက်ပြီး ပြသချိန် ငါးမိနစ်ခန့် ကြာတဲ့ ဗီဒီယိုကိုလဲ လူတွေ သိအောင် ထုတ်လွှင့် ခဲ့ပါတယ်။

၂။ ၂ဝ၁၄ခုနှစ် စက်တင်ဘာ ၂ ရက် ။ ဒီနေ့မှာတော့ အာရဗီ ဘာသာစကားကို  ကျွမ်းကျင်ပြီး စစ်မက် ဖြစ်ပွားနေတဲ့ နေရာတွေမှာ သတင်းရယူဖို့ ဝါသနာ ထုံတဲ့ အမေရိကန် သတင်းထောက် စတီဗင် ဆော်တလော့ဖ် ၃၁ နှစ်ကို ခေါင်းဖြတ် ကွပ်မျက်နေတဲ့ ဗီဒီယိုဖိုင်ကို ISIS တို့က လွှင့်တင်ခဲ့ ပါတယ်။ စတီဗင် ဟာ ၂ဝ၁၃ ခုနှစ်တုန်းက ဆီးရီးယားမှာ ISIS တို့ရဲ့ ပြန်ပေးဆွဲခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ အမေရိကန် က ဆီးရီးယား အရေးကို ဝင်ရှုပ်တဲ့ အတွက် သူ့အသက်နဲ့ ပေးဆပ်ရ ပါတယ်လို့ စတီဗင် မသေဆုံးခင်မှာ ISIS က ပြောစေခဲ့ ပါတယ်။

၃။ ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက် ။ ၂ဝ၁၃ ခုနှစ် မတ်လမှာ ဆီးရီးယားက နေပဲပြန်ပေးဆွဲ ခဲ့တဲ့ ဗြိတိန် ထောက်ပံ့ ကူညီရေး လုပ်သား ဒေးဗစ်ဟိန်း ၄၄ နှစ်ကို ISIS တို့က ခေါင်းဖြတ်သတ်ပြ ခဲ့ပါတယ်။ အဲဒီ ဗီဒီယို ဖိုင်ထဲမှာ မျက်နှာဖုံးစွပ် ထားသူက ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ကို အမေရိကန်နဲ့ ပူးပေါင်းပြီး ISIS ကို ထိုးစစ်ဆင်တာကို အပြစ်တင် လိုက်ပြီး ဗြိတိန်နိုင်ငံ အနေနဲ့ သွေးစွန်းပြီး နိုင်မှာမဟုတ် တဲ့ စစ်ပွဲထဲကို ဆွဲသွင်းခံရတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

၎။ ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာ ၃ ရက် ။ ဗြိတိန်လူမျိုး ထောက်ပံ့ ကူညီရေး လုပ်သား အယ်လင် ဟယ်နင်း ၄၇ နှစ်ဟာ ဆီးရီးယားနိုင်ငံ ထဲကို ဖြတ်ကျော် ဝင်ရောက်ပြီး မိနစ် ၃ဝ အတွင်းမှာပဲ ISIS လက်ထဲ ကျရောက် သွားခဲ့ပါတယ်။ သူ့ကို မကွပ်မျက် ခင်မှာ ''ကျွန်တော်တို့ရဲ့ ပါလီမန် က ISIS ကိုတိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အတွက် ကျွန်တော်က ပြန်ပေးဆပ် ရခြင်း ဖြစ်ပါတယ် '' လို့ပြောခဲ့ ရပါသေးတယ်။ အဲဒီတုန်းက ထိပ်တန်း အယ်လ်ကိုင်ဒါ သီအိုရီ သမားတစ်ဦး အပါအဝင် အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တွေက ကန့်ကွက်နေ တဲ့ကြားက အယ်လင် အသတ်ခံခဲ့ ရတာဖြစ်ပါတယ်။

၅။ ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက် ။ အမေရိကန် ထောက်ပံ့ ကူညီရေး လုပ်သား ပီတာကာဆစ် ၂၆ နှစ်ဟာ ဆီးရီးယား ပြည်တွင်းစစ်မှာ ထိခိုက် ဒဏ်ရာရရှိ ထားသူတွေ၊ နာမကျန်း ဖြစ်နေသူတွေ အတွက် ဆေးဝါးကို သက်စွန့်ဆံဖျား လိုက်ပို့ရင်း ISIS လက်ထဲ ကျရောက်သွား တာ ဖြစ်ပါတယ်။ ပီတာရဲ့ ဦးခေါင်းကို ဖြတ်ကိုင် ပြထားတဲ့အပြင် ဆီးရီးယား တပ်ဖွဲ့ဝင် ၁၈ ဦးကို အစုလိုက် အပြုံလိုက် သတ်ပြခဲ့တဲ့ ဗီဒီယိုဖိုင် ဟာ ၁၅ မိနစ် ထက် မနည်းကြာမြင့် ခဲ့ပါတယ်။

၆။ ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် ။ ဖမ်းဆီးထားတဲ့ ဂျပန် ဓားစာခံနှစ်ဦး ထဲက တစ်ဦးဖြစ်သူ ဟာရုနာယူ ကာဝါ ၄၂ နှစ်ကို ISIS က ကွပ်မျက် လိုက်ပြီ ဖြစ်ကြောင်း၊ နောက်ထပ် ဓားစာခံတစ်ဦး ဖြစ်တဲ့ ကင်ဂျီဂိုတို က ဓာတ်ပုံကိုင်ပြီး ပြောပြ နေတာကို ဗီဒီယိုဖိုင် လွှင့်ခဲ့ပါတယ်။ ဂျပန် အစိုးရက အမေရိကန် ဒေါ်လာ သန်း ၂ဝဝ ပေးဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် အခုလို ကွပ်မျက်ခဲ့ ရတာလို့ ကင်ဂျီ က ပြောပြခဲ့ ရပါတယ်။

၇။ ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် ။ အဲဒီနောက် ကျန်ရှိ နေသေးတဲ့ ဂျပန် ဓားစာခံကိုကယ်တင်နိုင်ဖို့ ဂျပန် အစိုးရက အတတ်နိုင်ဆုံး ကြိုးစား နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာ ပေမယ့် ကင်ဂျီဂိုတို ၄၇ နှစ် ကို ISIS က ကွပ်မျက်လိုက်ပြီး ဗီဒီယိုဖိုင် ထုတ်လွှင့်ခဲ့ ပြန်ပါတယ်။ သူတို့ တောင်းထားတဲ့ အမျိုးသမီး ဖောက်ခွဲရေး သမားကို ဇန်နဝါရီ ၂၉ ရက် နေဝင်ချိန်မှာ နောက်ဆုံးထားပြီး လွှဲပြောင်း ပေးအပ်ခြင်း မရှိလို့ ကွပ်မျက် ခဲ့တာပါ။ ကင်ဂျီဂိုတိုဟာ ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ မှာ သူ့မိတ်ဆွေ ယူကာဝါ ကို ကယ်တင်ဖို့ ဆီးရီးယားကို ဖြတ်ကျော်ရာ ကနေ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

၈။ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် ။ ဂျပန်ဓားစာခံ နှစ်ဦးကို ကွပ်မျက်ခဲ့ပြီး နောက် ကျန်ရှိနေတဲ့ ဂျော်ဒန် တိုက်လေယာဉ်မှူး မူအက်အယ်လ် ကာဆက်ဘေး ၂၆ နှစ်ကို လွှဲပြောင်းပေးဖို့၊ အကျဉ်းသားချင်း လဲလှယ်ဖို့ ဂျော်ဒန်ဘုရင် က အထူးတလှယ် တောင်းဆိုခဲ့ ပေမယ့်လည်း ISIS ဟာ ဒီ လေယာဉ်မှူးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ် ခဲ့ပါတယ်။ သူ့ကို သံလှောင်အိမ် ထဲမှာ ထည့်ထားပါတယ်။ အကြမ်းဖက် သမားတစ်ဦးက အဝေးကနေ လှောင်အိမ်ထဲအထိ လမ်းကြောင်းဆွဲ ထားတဲ့ လောင်စာကို မီးရှို့လိုက် ပါတယ်။ ဒီမီးဟာ လှောင်အိမ်ထဲကို စွဲဝင်သွား ပြီး မတ်တတ်ရပ် နေတဲ့ လေယာဉ်မှူးရဲ့ တစ်ကိုယ်လုံးကို ချက်ချင်း မီးစွဲလောင်ခဲ့ ပါတယ်။ အာဂ သတ္တိခဲ လေယာဉ်မှူးဟာ ဝေဒနာကို ကြံ့ကြံ့ခံခဲ့ ပါတယ်။ သွေးရူးသွေးတန်း မပြေးခဲ့ သလို သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းနေတဲ့ မီးကိုလဲ ငြှိမ်းသတ်ဖို့ ထက် ကြံ့ကြံ့ခံဖို့ ပိုကြိုးစား ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့  ဒူးထောက် ကျသွားပြီး ငြိမ်သက် သွားပြီးတော့ နောက်ကို ပက်လက်လှန်ကျ သေဆုံး ခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင် ဟာ ၂၂ မိနစ် ကြာမြင့် ပါတယ်။

အခုဆိုရင် ISIS ကို ထိရောက်စွာ တိုက်ခိုက်နှိမ်နင်း နိုင်ဖို့  နိုင်ငံတကာက ပူးပေါင်းပါဝင်ဖို့ ထပ်ပြီး လှုံ့ဆော်တာတွေ ရှိနေပြီး ဂျော်ဒန်ကလဲ လေယာဉ်မှူး အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခံ ရပြီးတဲ့နောက် တိုက်လေယာဉ်တွေ စေလွှတ်ပြီး ISIS ပစ်မှတ်တွေကို တိုက်ခိုက်နေတဲ့ အကြောင်း လေ့လာ ရေးသား တင်ပြအပ် ပါတယ်။

#PyiChitThar

No comments:

Post a Comment