မိုးရာသီဆိုတာ လူသားတွေရဲ့
စိတ်ကိုဆွတ်ပျံ့ဖွယ်ခံစားမှုပေးစွမ်းနိုင်တာနဲ့အမျှ
မိုးနဲ့ပတ်သက်ပြီးစပ်ဆိုကြတဲ့ သီချင်းတွေလည်း အများအပြားရှိပါတယ်။
အဲ့ဒီအထဲကမှ အချစ်မိုး ဒီမိုးစတဲ့ သီချင်းကောင်းတွေ နဲ့ ပရိသတ်ရင်ကို
ထွင်းဖောက်နိုင်ခဲ့သူ ဂျေညီညီကို သူ့ရဲ့မိုးသီချင်းများအကြောင်းအမှတ်တရ
ပြန်မေးကြည့်ဖြစ်တော့
” မိုးသီချင်းတွေနဲ့ပတ်သက်ပြီးကို
ကိုင်ဇာရဲ့သီချင်းတွေကတည်းက သူ့အဖွဲ့အနွဲ့ကလည်း တအားကောင်းတော့
ကြိုက်ခဲ့တယ်။ မိုး ရာသီဆိုတာကလည်း အလိုလိုနေရင်း ကို
အဆွေးဓာတ်လေးပေါ်လာတာကိုး။ အဲ့ဒါနဲ့ စီးရီးလုပ်တော့ ကိုဂျေမောင်မောင်ရေးတဲ့
အချစ်မိုးကို ဆိုဖြစ်တယ်။ ဆိုလိုက်တဲ့ အခါမှာအဲ့ဒီ သီချင်း ကအောင်မြင် သွား
တယ်။ အဲ့ဒီသီချင်းနဲ့ပဲ ဂျေညီညီဖြစ်သွားတာပေါ့။ ဒီနေ့ ဒီအချိန်ထိ
ဒီသီချင်းလေးက ရပ်တည်လို့ရသွားတယ်” လို့ ဆိုတဲ့ ဂျေညီညီရဲ့ နောက်ထပ်
မိုးသီချင်း တစ် ပုဒ်ဖြစ်တဲ့ ဒီမိုးသီချင်းရဲ့ဖြစ်တည်လာမှုကတော့
စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒီမိုးသီချင်းဖြစ်တည်လာပုံကို ဂျေညီညီက…
” ၈၈ခုနှစ်ရောက်တော့
အနုပညာသမားတော်တော်များများ အင်းစိန်ထောင် ရောက်သွားတယ်။ အဲ့ဒီတုန်းက
နိုင်ငံရေးပုဒ်မ ၁ဝ(ဃ) နဲ့ ဖမ်းတော့ တိုက်ပိတ်ထားတာပေါ့။
ဘာပစ္စည်းမှလည်းမရှိဘူး။ ဟိုဘက်ခန်း၊ ဒီဘက်ခန်းအသံတွေတော့ ကြားရတာပေါ့။ ၈၈
အောက်တိုဘာမှာ အဖမ်းခံရတယ်။ အဲ့ဒီလိုနဲ့ ၈၉ ခုနှစ်ကို ရောက်လာရော။ တစ်ေ
နကျတော့ ညနေဘက်ကြီး သင်္ကြန်နားနီးတော့ သင်္ကြန်မိုးရွာရော ထောင်ထဲရောက်ပြီး
ပထမဆုံးရွာတဲ့မိုး အဲ့ဒါကို ဘေးခန်းက အသံကြားလိုက်တယ်။ ” ဒီမိုး က လည်း
ကွာ” ဆိုပြီး ငြီးလိုက်တယ်။
အဲ့ဒါနဲ့ “ဒီမိုး” ဆိုတဲ့
ခေါင်းစဉ်လေးရတယ်။ ဒါပေမဲ့ ဘာအသုံးအဆောင်ပစ္စည်းမှမရှိတော့
ရေချိုးဆင်းတဲ့အချိန်မှာ အုတ်နီခဲစ အကျိုးလေးယူ လာပြီး သောက်ရေ ခွက် ထဲက
ရေနဲ့ဖျော်တယ်။ ဖျော်ပြီး အဲ့ဒါလေးနဲ့ရေးတယ်။ မကြိုက်ရင်
ပြန်ဖျက်လိုက်ရေးလိုက်ပေါ့။ ဒါက ခုပြန်ပြောတော့သာ လွယ် တာ ရေးတုန်းကတော့
ခက္ခဲ တာေ ပါ့။ ရေးပြီးတော့ အဲ့ဒါကို အိပ်ဖို့ပေးထားတဲ့
ဝါးကပ်နဲ့အုပ်ထားရတယ်။ အဲ့ဒီလို အုပ်လိုက်ရေးလိုက်နဲ့ ပြီးသွားတယ်။
အဲ့ဒီမှာ အချော ကြီးတော့ မပြီးခဲ့ဘူးပေါ့။ အဲ့ ဒါနဲ့ ထောင် ကနေ လွတ်လာတယ်။
အပြင်ရောက်တော့ ဗဒင်နဲ့ ကိုညီညီက စာသားနည်းနည်းစီထပ်ဖြည့်ပေးတယ်။ ဒါလေးက
တော်တော် လေးအမှတ်တရပါပဲ။ ကိုယ်ပေးဆပ် ခဲ့ရတာနဲ့လည်း တန်ပါတယ်။
အခုအချိန်အထိ ဒီသီချင်းလေးက အနုပညာအရရော အစစအရာရာ အထောက်အကူပေးခဲ့ပါတယ်”
လို့ သူခက်ခက်ခဲခဲ ဖန်တီး ခဲ့ပြီး အော င်မြင်တဲ့သီချင်းတစ်ပုဒ် ဖြစ်လာတဲ့
ဒီမိုးသီချင်းအကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။
ဂျေညီညီခက်ခဲပင်ပန်းစွာရေးသားခဲ့တဲ့ ဒီလိုမိုးသည်းထဲမှာတွေ့ လိုက်ရ တဲ့
ကောင် မလေးတစ်ယောက်ကို.. ဒီမိုး ..ဒီမိုးသည်းတဲ့နေ့တွေ ရှည်လွန်းတယ်” စတဲ့
စာသားတွေကတော့ အခုနှစ်ပေါင်းများစွာ အထိ မျိုးဆက်တိုင်းရဲ့
ရင်ကိုငြိစေခဲ့တာကတော့ အမှန်ပဲ ဖြစ်ပါတော့တယ်။
ရဲရဲ
http://www.popularmyanmar.com/mpaper/2014/06/%E1%80%B1%E1%80%91%E1%80%AC%E1%80%84%E1%80%B9%E1%80%91%E1%80%B2%E1%80%99%E1%80%BD%E1%80%AC-%E1%80%A1%E1%80%AF%E1%80%90%E1%80%B9%E1%80%94%E1%80%AE%E1%80%81%E1%80%B2%E1%80%80%E1%80%AD%E1%80%AF-%E1%80%B1/
No comments:
Post a Comment