Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 4, 2015

အင်တာနက်နှေးကွေးမှုကို ကိုယ်ပိုင်ဆက်ကြောင်းများ တည်ဆောက်၍ ဖြေရှင်းပေးမည်

သုတလင်း
ရန်ကုန်၊ ဇန်နဝါရီ ၃ဝ
အမ်ပီတီနှင့်အပြိုင် ဝန်ဆောင်မှုပေးနေသည့် နိုင်ငံခြားအော်ပရေတာနှစ်ခုဖြစ်သော တယ်လီနော နှင့် အူရီဒူးတို့၏ အင်တာနက်လိုင်းများနှေးကွေးနေမှုအပေါ် ဝေ ဖန် မှုများမြင့်တက်လာသည့် အတွက် ကိုယ်ပိုင်အင်တာနက်ဆက်ကြောင်းများ တည်ဆောက်အသုံးပြုကာ ၎င်းပြဿနာကို ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ အော်ပရေတာနှစ်ခုမှာ အင်တာနက်လိုင်းကို အမ်ပီတီ၏ဖိုင်ဘာလိုင်းမှ  ရယူသုံးစွဲနေကြရခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ ဖိုင်ဘာဆက်ကြောင်း မကြာခဏချို့ယွင်းမှုများ ဖြစ်ပေါ်နေသည့်အတွက် ၎င်းတို့၏ အင်တာနက်လိုင်းများ နှေးကွေးနေရခြင်းဖြစ်ပြီး ဖြေရှင်းနိုင်ရန် ကိုယ်ပိုင်အင်တာနက် ဂိတ်ဝေးများ တည်ဆောက်ကာ ဖြေရှင်းသွားမည်ဟု နိုင်ငံခြားအော်ပရေတာတစ်ခုဖြစ်သည့်အူရီဒူး(မြန်မာ)မှ ပြောသည်။
အလားတူ နော်ဝေအခြေစိုက် တယ်လီနော(မြန်မာ)မှ စီအီးအိုဖြစ်သူ Mr.Peter Furberg  ကမူ တယ်လီနောအနေနှင့် အင်တာနက်ကွန်နက်ရှင်ကျဆင်းမှုများအား ထိုင်းနိုင်ငံ အင်တာနက်ဖိုက်ဘာ ကေဘယ်မှ ချိတ်ဆက်ရယူသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ ဖိုင်ဘာကေဘယ်ချိတ်ဆက်မှုကို ဖေဖော်ဝါရီလ အတွင်း အပြီး သတ်လုပ်ဆောင်သွားမည်ဖြစ်ပြီး အင်တာနက်သုံးစွဲခနှုန်းထားကိုလည်း 1MB လျှင် ၆ ကျပ်နှုန်းကောက်ခံရာမှ ၃ ဒသမ ၈ ကျပ်နှုန်းထား သို့ လျှော့ ချကောက် ခံရန် စီစဉ်နေသည်ဟု ၎င်းက ပြောသည်။လက်ရှိအော်ပရေတာ သုံးခုတွင် အမ်ပီတီအနေနှင့် အင်တာနက် မြန်နှုန်းပိုင်းတွင် Bandwidth ပိုလျှံနေ မှုကြောင့် ပြိုင် ဘက် အော် ပရေတာနှစ်ခုထက် ပိုမိုကောင်းမွန်နေလျက်ရှိနေပြီး သုံးစွဲခကောက်ခံမှုတွင်မူ ၎င်းတို့ထက် ပိုမိုသည့်နှုန်းထားတစ်ခုနှင့် ကောက်ခံဆဲ ဖြစ်သည်။
http://www.popularmyanmar.com/mpaper/2015/02/%E1%80%A1%E1%80%84%E1%80%B9%E1%80%90%E1%80%AC%E1%80%94%E1%80%80%E1%80%B9%E1%80%B1%E1%82%8F%E1%80%BD%E1%80%B8%E1%80%B1%E1%80%80%E1%80%BC%E1%80%B8%E1%80%99%E1%82%88%E1%80%80%E1%80%AD%E1%80%AF-%E1%80%80/

No comments:

Post a Comment