Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 4, 2015

ဖေ့စ်ဘွတ်ခ်တွင် သတိထားရမည့် ကာမရာဂစိတ် နှိုးကြားစေသည့် ဗွီဒီယိုများ



အင်တာနက် လူမှုရေး ကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ တစုံတဦးက ကာမရာဂစိတ် နှိုးကြားစေတဲ့ ဗွီဒီယိုကို ဖြန့်ဝေတယ်ဆိုရင် အရင်ဆုံး သတိထားဖို့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။

ဗွီဒီယိုကနေတဆင့် အသုံးပြုသူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ နောက်ဆုံးပေါ် ဖလက်ရှ် ပလေရာ အတုကို အပ်ဒိတ်လုပ်ဖို့ လင့်ခ် ပေါ်လာမှာ ဖြစ်ပါတယ်။

တကယ်လို့ ဒီလင့်ခ်ကို သွားနှိပ်ပြီး ဗွီဒီယို ပလေယာကို အပ်ဒိတ် လုပ်မယ်ဆိုရင်တော့ မကောင်းတဲ့ ဆောဖ့်ဝဲလ်တွေကို ကွန်ပျူတာက အလိုလို ဒေါင်းလုပ်လုပ်ပြီး ဖြစ်သွားပါလိမ့်မယ်။


ဒီဆောဖ့်ဝဲလ်က ကွန်ပျူတာမှာ ထရိုဂျန် ဆိုတဲ့ ဗိုင်းရပ်စ်တွေကို အလွယ်တကူ ကူးစက်သွားစေမယ်လို့ ဆိုပါတယ်။

ကျွမ်းကျင်တဲ့ လုံခြုံရေး သုတေသီတွေကတော့ ဒီလို ကာမရာဂါ နှိုးကြားစေတဲ့ ဗွီဒီယိုက တဆင့် ထရိုဂျန် ဗိုင်းရပ်စ်တွေက ဖေ့စ်ဘွတ်ခ်ပေါ်က  မိတ်ဆွေ ၂၀ လောက်ကို ထပ်ပြီး တပ်ခ် လုပ်လိုက်သလို အများအပြားကို ကူးစက်စေနိုင်တယ်လို့ ပြောပါတယ်။

၂ ရက်အတွင်း ဖေ့စ်ဘွတ်အသုံးပြုသူ ၁ သိန်းကျော် ကူးစက်သွားနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/80042

No comments:

Post a Comment