Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 15, 2015

အမေရိကန်တပ်ဖွဲ့ အသုံးပြုခဲ့သည့် အီရတ်လေတပ် အခြေစိုက်စခန်းကို ISIS အဖွဲ့တိုက်ခိုက်

                                            Ain Assad လေတပ် အခြေစိုက် စခန်း

အီရတ်နိုင်ငံ အယ်လ်အန်ဘာ ပြည်နယ် တွင် အမေရိကန် တပ်ဖွဲ့များ အသုံးပြုခဲ့ သည့် လေတပ် အခြေစိုက် စခန်း တစ်ခုကို ISIS စစ်သွေးကြွ များက စတင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ISIS စစ်သွေးကြွ အဖွဲ့မှ အဖွဲ့ဝင် ခုနစ်ဦး ခန့်သည် စစ်ဘက်ဆိုင်ရာ ယာဉ်တစ်စင်း ကို အသုံးပြု၍ ဖေဖော်ဝါရီ ၁၃ ရက်က Ain Assad လေတပ် အခြေစိုက် စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အီရတ် စစ်တပ်မှ ဗိုလ်မှူးကြီး တစ်ဦးနှင့် အီရတ် ကာကွယ်ရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

အဆိုပါ လေတပ် အခြေစိုက် စခန်းတွင် အမေရိကန် လုံခြုံရေး တပ်ဖွဲ့ဝင် ၃ဝဝ ခန့်က ဒေသတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် များကို လေ့ကျင့်မှုများ လုပ်ဆောင် ပေးလျက် ရှိကြောင်း သိရသည်။ သို့သော် အီရတ် တပ်ဖွဲ့ဝင် များ၏ တန်ပြန် တိုက်ခိုက်မှုကြောင့် ISIS စစ်သွေးကြွ  အားလုံး သေဆုံး ခဲ့ကြောင်း အမေရိကန် စစ်ဘက်မှ ထုတ်ပြန်သော အစီရင်ခံစာ အရ သိရသည်။

ISIS စစ်သွေးကြွ များသည် အယ်လ်ဘာဒါဒီ မြို့ အနီးဝန်းကျင် တွင် တိုက်ခိုက်မှု များကို အပြင်းအထန် လုပ်ဆောင် ခဲ့ပြီးနောက် တစ်ရက်တွင် အဆိုပါ တိုက်ခိုက်မှုကို လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ အီရတ် တပ်ဖွဲ့ဝင် များသည် မျိုးနွယ်စု တပ်ဖွဲ့ဝင် များနှင့်အတူ အယ်လ်ဘာဒါဒီမြို့ အနီးရှိ ISIS စစ်သွေးကြွ များကို အောင်မြင်စွာ တိုက်ထုတ် နိုင်ခဲ့သော်လည်း စစ်သွေးကြွ များသည် မြို့လယ်ရှိ အဆောက်အအုံ အချို့နှင့် နေရာဒေသ အချို့ကို ဆက်လက် သိမ်းပိုက် ထားဆဲ ဖြစ်ကြောင်း အခြား ဗိုလ်မှူးကြီး တစ်ဦး က ပြောကြား ခဲ့သည်။

#PyiChitThar

No comments:

Post a Comment