Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 1, 2015

သမ္မတဟောင်း ဆက်ဒမ်ဟူစိန် အသုံးပြုခဲ့သည့် နန်းတော် ၁၀ ခုကို ISIS စစ်သွေးကြွများက ဖောက်ခွဲဖျက်ဆီး



ISIS destroys 10 Saddam-era palaces in Iraq



အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များသည် မြို့တော် မြောက်ပိုင်းရှိ ယခင် သမ္မတဟောင်း ဆက်ဒမ်ဟူစိန် အသုံးပြု ခဲ့သည့် နန်းတော် ၁၀ ခုကို ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းဌာနကြီး တစ်ခုက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

ISIS စစ်သွေးကြွ များသည် မြို့တော် ဘဂ္ဂဒက်၏ မြောက်ပိုင်း ကီလိုမီတာ ၁၇၀ အကွာရှိ သမ္မတဟောင်း ဆက်ဒမ်ဟူစိန် ၏ မွေးရပ်မြေ ဖြစ်သော တီကရစ်မြို့ ရှိ အကြီးမားဆုံးသော နန်းတော်ကြီး တစ်ခုဖြစ်သည့် Al Faruq နန်းတော်ကို ဖောက်ခွဲ ဖျက်ဆီးခဲ့ ကြခြင်း ဖြစ်သည်။

ထို့ပြင် ဖျက်ဆီးခြင်း ခံရသည့် အခြား နန်းတော်များမှာ အီရတ်ပြည်နယ် အာဏာပိုင် များက ၄င်းမြို့ကို ISIS စစ်သွေးကြွ များက သိမ်းပိုက်ခြင်း မပြုမီ အချိန်အထိ အစိုးရရုံးများ အဖြစ် အသုံးပြု ခဲ့ကြသည်။ အဆိုပါ နန်းတော် များကို ဖောက်ခွဲဖျက်ဆီး ပြီး နောက်ပိုင်းတွင် ISIS စစ်သွေးကြွ များသည် နန်းတော် အတွင်းမှ ပရိဘောဂ များကို သယ်ဆောင်၍ အမ်းမြို့ သို့ ဆက်လက် ထွက်ခွာ သွားခဲ့ကြောင်း မျက်မြင် သက်သေများက ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ များသည် တီကရစ်မြို့ ကို ပြီးခဲ့သည့်နှစ် ဇူလိုင်လ အတွင်းက အစိုးရတပ်များ ထံမှ သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အီရတ် အစိုးရတပ် များက ယခုနှစ် ဇန်န၀ါရီလ မှစ၍ နိုင်ငံတောင်ပိုင်း ရှိ ဒေသ အများအပြား ကို ISIS စစ်သွေးကြွ များလက်မှ ပြန်လည် သိမ်းယူနိုင် ခဲ့ပြီးနောက် တီကရစ်မြို့ အပါအ၀င် နိုင်ငံမြောက်ပိုင်း သို့ ထိုးစစ်ဆင် တိုက်ခိုက်ရန် စီစဉ်လျက် ရှိကြောင်း သိရှိရသည်။

#PyiChitThar

No comments:

Post a Comment