Dramatic moment police arrest teenage 'hacker' gunman who stormed Dutch TV station demanding to be put on air
နယ်သာလန် နိုင်ငံ၌ အမျိုးသား ရုပ်သံလွှင့်ရုံ တစ်ခုအတွင်း သို့ ဇန်န၀ါရီ ၂၉ ရက်က သေနတ်အတု ကိုင်ဆောင်၍ ၀င်ရောက်ခဲ့သူ အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင် ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားသည် ဟီဗာဆင်မြို့ ရှိ NOS ရုပ်သံဌာန အတွင်းသို့ ဓားစာခံ တစ်ဦးကို ဖမ်းဆီး၍ ၀င်ရောက် လာခဲ့ခြင်း ဖြစ်ပြီး ၄င်းကို ရုပ်သံ ရိုက်ကူးသည့် အခန်းသို့ ခေါ်ဆောင် သွားရန် တောင်းဆိုထားသည့် စာတစ်စောင် ကိုလည်း ယူဆောင် လာခဲ့သည်။ သို့ရာတွင် ရဲတပ်ဖွဲ့များက အဆိုပါ ရုပ်သံခန်းမ အတွင်း ၄င်းကို ဒေသ စံတော်ချိန် ည ၈ နာရီခန့်တွင် ဖမ်းဆီးနိုင် ခဲ့သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ အဆိုပါ အမျိုးသားသည် ည ၈ နာရီတွင် ရုပ်သံမှ အသံလွှင့်ရန် စီစဉ်ခဲ့ကြောင်း နှင့် ၄င်း၏ ရည်ရွယ်ချက် အတိအကျ ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
အဆိုပါ အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် ၄င်းနှင့် အဖော် ငါးဦး ပါရှိပြီး အခြား ဟက်ကာ ၉၈ ဦးမှာ ဆိုက်ဘာ တိုက်ခိုက်မှု များကို ပြုလုပ်ရန် အသင့်ရှိကြောင်း ပြောကြား ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။
အဆိုပါ ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦးမျှ မရှိကြောင်း နှင့် ဖမ်းဆီးခံ ရသည့် အမျိုးသားကို ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးလျက် ရှိသည်ဟု အာဏာပိုင် များက ပြောကြား ခဲ့ကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment