Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 1, 2015

တိရစ္ဆာန်များကို အသေခံဗုံး သမားများအဖြစ် အသုံးပြု၍ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် ဘိုကိုဟာရမ် စစ်သွေးကြ အဖွဲ့ ပြင်ဆင်



‘Suicide bomber’ camels, goats, cows and donkeys are being prepared to carry out attacks for Boko Haram, says Nigerian government 



ဘိုကိုဟာရမ် စစ်သွေးကြွ များသည် ကုလားအုတ်များ၊ ဆိတ်များ၊ နွားများ နှင့် မြည်းများကို အသေခံ ဗုံးခွဲသမားများ အဖြစ် အသုံးပြု၍ လူဦးရေ ထူထပ်သည့် နေရာများတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် ပြင်ဆင်လျက် ရှိကြောင်း ဇန်နဝါရီ ၃ဝ ရက်တွင် နိုင်ဂျီးရီးယား အစိုးရ အဖွဲ့မှ ထုတ်ဖော် ပြောကြား ခဲ့သည်။

ထို့အပြင် ဘိုကိုဟာရမ် စစ်သွေးကြွ များသည် လူငယ် အမျိုးသားများကို ဖိနပ်ချုပ် သမားများ အသွင် ဟန်ဆောင်၍ ဖိနပ်ချုပ် သမားများ အသုံးပြုသော ပစ္စည်း ကိရိယာများ ထည့်သွင်းသည့် Tool Box ထဲတွင် ဖောက်ခွဲရေး ပစ္စည်းများ ထည့်သွင်း၍ ဈေးများ၊ စားသောက်ဆိုင်များ၊ ATM စက်ရှိသည့် နေရာများ၊ နိုင်ငံရေး လှုံ့ဆော် စည်းရုံးမှု ပြုသည့် နေရာများ ကဲ့သို့သော လူဦးရေ ထူထပ်သည့် နေရာများတွင် ယင်း ဖောက်ခွဲရေး ပစ္စည်းများကို ဖောက်ခွဲရန် စီစဉ်ထားကြောင်း နိုင်ဂျီးရီးယား အမျိုးသား သတင်း အချက်အလက် ဌာနမှ စေ့စပ် ညှိနှိုင်းရေးမှူး မိုက်ခ်အိုမာရီ က ပြောကြား ခဲ့သည်။

ထို့ကြောင့် အဆိုပါ နေရာများနှင့် ၄င်းနေရာများ အနီးတစ်ဝိုက်တွင် သွားလာလှုပ်ရှား နေသည့် ပြည်သူများ အနေဖြင့် မိမိတို့၏ ပတ်ဝန်းကျင် အတွင်း မသင်္ကာဖွယ်ရာ လှုပ်ရှားမှုနှင့် အခြေအနေ များကို သတိဝီရိယ ကြီးစွာထား၍ သွားလာ လှုပ်ရှားသင့်ကြောင်း အစိုးရအဖွဲ့မှ သတိပေး ပြောကြား ခဲ့သည်။

နိုင်ဂျီးရီးယား အစိုးရအဖွဲ့၏ အဆိုပါ သတိပေး ပြောကြားချက်သည် ၄င်းနိုင်ငံ၏ ပြည်နယ် တစ်ခုဖြစ်သော ဘော်နိုပြည်နယ် မာလမ်ဖာတိုရီ ကျေးရွာတွင်းရှိ အစွန်းရောက် စစ်သွေးကြွ များအား တိုက်ထုတ်ရန် အတွက် ချဒ် နိုင်ငံမှ မြေပြင်တပ်ဖွဲ့ဝင် များစွာနှင့် ဗုံးကြဲလေယာဉ် တစ်စင်းတို့ကို နိုင်ဂျီးရီးယား နိုင်ငံသို့ ပေးပို့ခဲ့ ပြီးနောက် အစွန်းရောက် စစ်သွေးကြွ များစွာ သေဆုံးပြီး နောက်တစ်ရက်တွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

#PyiChitThar

No comments:

Post a Comment