Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 1, 2015

ISIS အဖွဲ့၏ ဓာတုလက်နက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦး လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံး


Abu Malik is said to have been killed near Mosul, Iraq, in a targeted airstrike carried out by U.S. airforces

The chemical engineer worked at Saddam Hussein's Muthanna chemical weapon production facility, which produced the deadly sarin gas, before the fall of Iraq



အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ ဓာတုလက်နက် ဆိုင်ရာ ကျွမ်းကျင်ရှင် တစ်ဦးသည် အမေရိကန် ဦးဆောင် ညွန့်ပေါင်း အဖွဲ့၏ လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံး သွားခဲ့ကြောင်း အမေရိကန် စစ်တပ်က ဇန်နဝါရီ ၃ဝ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

အဘူမာလစ်ခ် အမည်ရှိ အဆိုပါ အမျိုးသားသည် ဓာတုလက်နက် ပစ္စည်းများ၏ စွမ်းရည်နှင့် ပတ်သက်၍ ISIS စစ်သွေးကြွ များအား လေ့ကျင့်သင်ကြား ပေးသည့် ပညာရှင် တစ်ဦး ဖြစ်သည်။ ၄င်းသည် အီရတ် သမ္မတဟောင်း ဆက်ဒမ်ဟူစိန် လက်ထက်တွင် ဓာတုလက်နက် ဆိုင်ရာ အင်ဂျင်နီယာ တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် အီရတ်နိုင်ငံ အတွင်းရှိ အယ်လ်ကိုင်ဒါ များနှင့် ပူးပေါင်းကာ ထိုမှ တစ်ဆင့် ISIS စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်းခဲ့သူ ဖြစ်ကြောင်း အမေရိကန် အစိုးရက ပြောကြားသည်။

အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း အဖွဲ့သည် ISIS စစ်သွေးကြွ များ၏ တည်နေရာ များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်သည့် လေကြောင်း တိုက်ခိုက်မှု အနည်းဆုံး အကြိမ် ၂ဝဝ ခန့် ပြုလုပ် ခဲ့သည်။ အဘူမာလစ်ခ် သည် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က မိုဆူးလ်မြို့ အနီးသို့ ဦးတည် တိုက်ခိုက်သည့် လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။ ၄င်း၏ သေဆုံးမှုသည် ISIS စစ်သွေးကြွ များ၏ စိတ်ဓာတ်ကို ယိမ်းယိုင် စေနိုင်သည့် အပြင် ဓာတုလက်နက် ပစ္စည်းများ ထုတ်လုပ် သုံးစွဲမှု တို့တွင်လည်း လျော့ကျ စေမည်ဟု ခန့်မှန်း ရကြောင်း အမေရိကန် စစ်တပ် က ပြောကြားသည်။

Islamic State chemical weapons expert who trained under Saddam killed in airstrike near Mosul, says US central command

The chemical engineer worked at Saddam Hussein's Muthanna chemical weapon production facility, which produced the deadly sarin gas, before the fall of Iraq
 
Abu Malik is said to have been killed near Mosul, Iraq, in a targeted airstrike carried out by U.S. airforces

#PyiChitThar

No comments:

Post a Comment