ဂါဇာကမ်းမြောင် ဒေသအတွင်း ၌ ပါလက်စတိုင်း အစိုးရနှင့် ဟားမာ့စ် တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ မလုပ်ဆောင် နိုင်ခြင်းကြောင့် နိုင်ငံတကာ အလှူရှင် များ၏ ထောက်ပံ့ငွေ ရရှိရန်နှင့် စစ်ကြောင့် ပျက်စီး သွားသော အဆောက်အအုံ များကို ပြန်လည် တည်ဆောက် ပြုပြင်ခြင်း တို့၌ များစွာ ထိခိုက်နစ်နာ ရလျက် ရှိကြောင်း အဆင့်မြင့် ကုလသမဂ္ဂ သံတမန် တစ်ဦးက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြား ခဲ့သည်။
ထိုကဲ့သို့ နိုင်ငံရေး တည်ငြိမ်မှု မရှိခြင်းကြောင့် အစ္စရေးနိုင်ငံ၌ ဇူလိုင်လမှ သြဂုတ်လ အထိ ဖြစ်ပွားခဲ့သော ဂါဇာစစ်ပွဲ အတွင်း ပျက်စီးခဲ့သည့် ပါလက်စတိုင်း ပြည်သူ တစ်သောင်းကျော် တို့၏ နေအိမ်များကို ပြန်လည် ပြင်ဆင်ရန် အတွက် နိုင်ငံတကာ အလှူရှင် များ၏ ထောက်ပံ့မှုများ ပြတ်လပ် သွားခဲ့ရ ကြောင်း ကုလသမဂ္ဂ ပြန်လည် ကယ်ဆယ်ရေး နှင့် အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ မှ အကြီးအကဲ တစ်ဦးနှင့် ပါလက်စတိုင်း ဆိုင်ရာ ကုလသမဂ္ဂ သံတမန် တစ်ဦးဖြစ်သူ ရောဘတ်ဆယ်ရီ က ပြောကြား ခဲ့ကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment