Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 23, 2015

မြန်မာနဲ့ဖက်စပ်ရိုက်ကူးမှုအတွက် ရင်ခုန်မှုကတော့ ထိပ်ဆုံးမှာပါပဲလို့ဆိုလာတဲ့ ထိုင်းမင်းသမီးလေး CHATTARIKA SITTIPROM



ရွှေမင်းသမီး ဗီဒီယိုထုတ်လုပ်ရေးက တတိယမြောက်ရုပ်ရှင် ဇာတ်ကားကြီး အနေနဲ့ဖန်တီး ပုံဖော်ရိုက်ကူးမဲ့ TT & Donut ထိုင်း၊ မြန်မာ ဖက်စပ်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် ထိုင်းမင်းသမီးလေးကတော့ Miss Thailand 2014 မှာ Second Runner Up ဆုကို ရရှိ ပိုင်ဆိုင်ခဲ့ပြီး ထိုင်းမဂ္ဂဇင်း တော်တော်များများမှာလဲ ပါဝင်ဖူးတယ်လို့သိရသလို ရုပ်သံကြော်ငြာအချို့နဲ့ ဖက်ရှင်ရှိုးများစွာလည်း လျှောက်ခဲ့ဖူးတဲ့ CHATTARIKA SITTIPROM ပါပဲ။ သူမရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကား အနေနဲ့ လက်ခံရိုက်ကူးမဲ့ TT & Donut ရုပ်ရှင်ဇာတ်ကားကြီး ကန့်တော့ပွဲပေး အခမ်းအနားမှာ သူမနဲ့ တွေ့ဆုံခိုက် တွေ့ဆုံခိုက်မေးမြန်းဖြစ်သမျှကတော့
-ဒီကားကြီးကို စတင်လက်ခံဖြစ်ပုံလေးကို အရင်ပြောပြပေးပါဦး။
ဒီကားထဲမှာ အဓိက မင်းသမီးနေရာလဲ ဖြစ်တယ်။ ဇာတ်ကားရဲ့ကာရိုက်တာ နာမည်ကလဲ ဒိုးနတ်ပေါ့။ ပါဝင်ရမယ့် ကာရိုက်တာက ၂ မျိုးပါ။ အခုတော့ မပြောပြချင်သေးဘူး။ ကြည့်ပြီးတော့မှ အကုန်လုံး သိရအောင်နော်။
-မြန်မာနဲ့ဖက်စပ် ရိုက်မှာဆိုတော့ ဘယ်လိုမျိုးများ ပြင်ဆင်ထားလဲ။ ပြီးတော့ မြန်မာမင်းသားအပေါ် အမြင်လေးကိုလဲ သိချင်ပါတယ်။
မြန်မာနဲ့တွဲဖက်ရိုက်မဲ့ First movie လဲဖြစ်တော့ ဇာတ်ညွှန်းကိုလဲ သေချာလေး ဖတ်ထားတယ်။ ကိုပြေတီဦးက တော်လဲတော်တယ်။ အကယ်ဒမီဆုရှင်လဲ ဖြစ်တဲ့အတွက် သူ့ဆီက ပညာလဲ လိုချင်တယ်။ အကောင်းဆုံး ကြိုးစားသွားမယ်လို့လဲ ပြောချင်ပါတယ်။ ကိုပြေတီဦးနဲ့ တွဲဖက် ရိုက်ရမဲ့အတွက်လဲ အရမ်းစိတ်ပျော်နေတယ်။ အစကတော့ နဲနဲကြောက်တယ်။ ဒါပေမဲ့ အခုတော့ ကြောက်စိတ်ကို ဖယ်ပြီး ဇာတ်ညွှန်းကို ပဲ သေချာဖတ်နေမိပါတယ်တဲ့။ ပထမဆုံး ရုပ်ရှင်ကားကြီးလဲ ဖြစ်တယ်။ ပြီးတော့ မြန်မာနဲ့ဖက်စပ်ဆိုတော့ ရင်ခုန်မှုကတော့ ထိပ်ဆုံးမှာပါပဲ။
-မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ချိန် စိတ်ခံစားချက်က ဘယ်လိုရှိလဲ။
မြန်မာနိုင်ငံကို လာချင်နေတာကြာပြီ။ အမေနဲ့အတူလဲ ဒီကိုလာချင်တယ်။ မြန်မာနိုင်ငံနဲ့ ဖက်စပ် ရိုက်ရမယ်ဆိုတာ သိတုန်းကဆို အရမ်းပျော်ရွှင်မိတယ်။ ဒီကိုလာတော့ အားလုံးကလည်း အရမ်းဂရုစိုက်ကြတဲ့အတွက် Feeling က အရမ်းကောင်းတယ်။ ပြောမပြ တတ်အောင်ပါပဲ။ သူဒီကို ရောက်တဲ့ချိန်မှာ အားလုံးက နွေးနွေးထွေးထွေး ဆက်ဆံကြတယ်။ ကိုပြေတီဦးကလဲ ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ပြောဆို ဆက်ဆံတဲ့တွက် ဒီကားရိုက်ဖို့အားတွေ ပိုရှိတယ်။ အကောင်းဆုံးလဲ ကြိုးစားသွားပါမယ်။ ကိုယ့်ကိုယ်ကိုလည်း အားလုံးကို အပ်ပါတယ်။
-မြန်မာ သရုပ်ဆောင်တွေအပေါ် အမြင်လေးနဲ့ပဲ ယိုးဒယားနိုင်ငံက သရုပ်ဆောင်တွေနဲ့ ကွာဟမှု ဘယ်လိုမျိုး ရှိလဲဆိုတာလဲ သိချင်ပါတယ်။
မြန်မာက Entertainment ပိုင်းကို သိပ်တော့မသိဘူး။ ပြီးတော့ ယိုးဒယားကို ၀င်လာတဲ့ ဗမာရုပ်ရှင်လဲ မရှိဖူးဘူး။ ကိုယ်တိုင်လဲ မကြည့်ဖူးဘူး။ ကိုပြေတီဦးကိုတော့ သိတယ်။ အားလုံးကလဲ ပြောပြထားကြတယ်။ ယိုးဒယားမှာ ကျတော့ သရုပ်ဆောင်တွေ အရမ်းများတယ်။ ဒီမှာက အောင်မြင်တဲ့ သူတွေက လက်ချိုးရေလို့ရတယ်ဆိုတော့ အဲဒါလေးတော့ ယိုးဒယားနဲ့ ကွာမယ်ထင်တယ်။ ယိုးဒယားမှာက နာမည်ကြီးတာတွေရော၊ နာမည်မကြီးတာတွေ ရောပေါ့။ အများကြီးရှိတယ်။ သရုပ်ဆောင်တွေ သိပ်များတယ်။ မြန်မာနိုင်ငံမှာကျတော့ နာမည် အရမ်းကြီးတဲ့သူက လက်ချိုးရေလို့ရတယ် ဆိုတော့ ခုလို နာမည်ကြီး မင်းသားဖြစ်တဲ့ ကိုပြေတီဦးနဲ့ တွဲဖက် အလုပ်လုပ်ခွင့်ရတဲ့အတွက် စိတ်ပျော်ရွှင်မိပါတယ်။
-ကိုပြေတီဦးနဲ့တွဲရိုက်ရမဲ့အပေါ် သူမရဲ့ ယိုးဒယားက ပရိသတ်တွေရဲ့ အမြင်က ဘယ်လိုရှိလဲ။
ဒီကား ယိုးဒယားကို ၀င်တဲ့အခါကျရင်လဲ ပရိသတ်အများကြီးက ကြည့်ကြမယ်။ ယိုးဒယားမှာလဲ ဗမာပရိသတ် အများကြီး ရှိတယ်။ ပြီးတော့ မြန်မာနဲ့ဖက်စပ်ရိုက်မဲ့ First Movie လဲဖြစ်တယ်။ ယိုးဒယားကို ပြန်ယူသွားတဲ့ခါကျရင် လူတွေ အရမ်းအားပေးကြမဲ့ ဇာတ်ကားတစ်ကား ဖြစ်အောင် ကြိုးစားဖို့လဲ စိတ်ကူးရှိတယ်။
-မြန်မာနဲ့တွဲဖက်ရိုက်ရမဲ့အတွက် မြန်မာ့ယဉ်ကျေးမှု ၊ ထုံးထမ်းစဉ်လာတွေကိုရော လေ့လာထားလား။ ထိုင်းဖက်ကိုရော မြန်မာနဲ့ပတ်သတ်ပြီး ဝေမျှတာမျိုးရော လုပ်ဖို့ရှိမလား သိချင်ပါတယ်။
ယိုးဒယားကိုပြန်ရောက်ရင် မြန်မာနိုင်ငံက အကြောင်းတွေ အကုန်လုံးကိုပြောပြမယ်။ လူတွေက အရမ်းချစ်ဖို့ကောင်းတယ်။ ကိုယ့်ကိုလဲ အရမ်းဂရုစိုက်တယ်။ အရမ်းလဲ ချစ်ကြတယ်။ ရွှေတိဂုံဘုရား အကြောင်းကိုလဲ ပြောပြမယ်။ အရမ်းလဲ လှပတဲ့နေရာ တစ်နေရာဖြစ်တယ်။ အ၀တ်အစားကိုလဲ အရမ်းကြိုက်တယ်။ လုံခြုံပြီး မြန်မာဝတ်စုံက အရမ်းကို ကျက်သရေရှိတယ်။ ခုချိန်ထိ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းထားတဲ့ မြန်မာတွေ အကြောင်းကို ယိုးဒယားပြန်ရောက်တဲ့ခါ အားလုံးကို ပြောပြဖို့ စိတ်ကူးထားပါတယ်။
ခင်ဆွေသက် 
http://www.trend.com.mm/2015/02/23/interviews-5859

No comments:

Post a Comment