CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, February 23, 2015
ဒူဘိုင်းရှိ ကမ္ဘာ့သတ္တမအမြင့်ဆုံး လူနေမိုးမျှော်တိုက်ကြီး မီးလောင်ပျက်စီး
ဒူဘိုင်းနိုင်ငံရှိ ကမ္ဘာ့ သတ္တမအမြင့်ဆုံး မိုးမျှော်တိုက်ကြီး Torch တွင် ယမန်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ရာ လေတိုက်နှုန်း ပြင်းထန်သည့် အချိန် ဖြစ်နေသည့် အတွက် မီးတောက်မှာ ၁၁၀၅ ပေမြင့်သော တိုက်ကြီး တစ်လျှောက် အပေါ်အောက် မီးစွဲလောင် ခဲ့ကြောင်း သိရသည်။မီးစွဲလောင် ရသည့် အကြောင်းရင်းကို မသိရသေး သော်လည်း မီးလောင်ကျွမ်းမှု ကြောင့် အနီးအနားရှိ လူနေတိုက်ခန်း ခေါင်မိုးများ အတွင်းခန်းများထဲသို့ မီးလောင်ရာ မှ ထွက်ပေါ် လာသော အမှိုက် သရိုက်များ ကျခဲ့သည် ကိုလည်း ရှင်းလင်း နေဆဲဖြစ်ပြီး လူရာပေါင်း များစွာကိုလည်း ဘေးကင်းရာသို့ ရွှေ့ပေးခဲ့ ရကြောင်း၊ မီးတောက်ကို တစ်နာရီအတွင်း ငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။''မီးတောက်က အထပ် ၅ဝ ကနေစတာပါပဲ။ ဒီ Torch မိုးမျှော်တိုက်ကြီး ကို မှန်နဲ့ဖန် ဦးစားပေး ဆောက်ခဲ့တဲ့ အတွက် အခုလို မီးဘေးရှိလာ တဲ့အခါ မှန်တွေက အရည်ပျော်ပြီး ပြုတ်ကျ လာတာကို တွေ့ရပါတယ်။ တစ်နာရီနဲ့ မိနစ် ၃ဝ အတွင်းမှာ အထပ်ပေါင်း ၆ဝ လောက် မီးလောင် ခဲ့ပါတယ်။ အပြင်ဘက်က တိုက်ခန်းတွေက ပိုပြီးပျက်စီး ခဲ့ပါတယ်'' ဟု အနီးဝန်းကျင်တွင် နေထိုင်သူ တစ်ဦးက ပြောပြသည်။ဒူဘိုင်းရှိ ယခု မီးလောင်ပျက်စီး ခဲ့သော မိုးမျှော်တိုက်ကြီး သည် အထပ်ပေါင်း ၇၉ ထပ် ရှိပြီး စတင် ဖွင့်လှစ်ခဲ့သော ၂ဝ၁၁ ခုနှစ်တွင် ကမ္ဘာ့အမြင့်ဆုံး လူနေ တိုက်ခန်းကြီး ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ယင်းထက်မြင့်သော လူနေတိုက်ခန်း ခြောက်ခုထက် မနည်း ထွက်ပေါ်ခဲ့ပြီး အဆောက်အအုံ အားဖြင့် ကမ္ဘာပေါ်တွင် ၃၂ ခုမြောက် အမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။
#PyiChitThar
ဒူဘိုင်းရှိ ကမ္ဘာ့သတ္တမအမြင့်ဆုံး လူနေမိုးမျှော်တိုက်ကြီး မီးလောင်ပျက်စီး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 23, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment