Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 23, 2015

Samsung ရဲ့ Galaxy S6 ကို မတ်လ (၁) ရက်နေ့မှာ တရားဝင် စတင် မိတ်ဆက်မယ်လို့ သိရ

T-Mobile ရဲ့ ကျေးဇူးကြောင့် Samsung ကုမ္ပဏီရဲ့ အခရာ အကျဆုံး ထုတ်ကုန်ထဲက ယခုလက်ရှိအချိန်ထိ အကောင်းဆုံးဖြစ်သော Galaxy S6 ဟာ မကြာခင် သင့်လက်ထဲ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ Uncarrier မှ Samsung ရဲ့ နောက်ဆုံးထုတ်ကုန်ကို ပေးအပ်သွားမှာဖြစ်ကြောင်း CEO ဖြစ်သူ John Legere က twitter ကနေ အတည်ပြုပြောဆိုခဲ့ပါတယ်။
ဒီ့ထက်ပိုတိကျတဲ့ အသေးစိတ်အချက်အလက် တစ်စုံတစ်ရာကိုတော့ ပြောဆိုခြင်းမရှိခဲ့သေးပါဘူး။ ယခုအချိန်တိုင် Legere လင့်ခ်လုပ်ထားတဲ့ ပေ့ခ်ျမှာ S6 ရဲ့ ဖန်သားပြင်ကွေးထဲ အလွန်လှပကြည်လင်သော ပုံတစ်ပုံ ပါရှိလို့နေပါတယ်။ စခရင်မ်နှစ်ဘက်နှစ်ချပ်လုံး သိသိသာသာ ကွေးညွတ်မှုရှိမယ်လို့ ကောလဟာလ သတင်းထွက်ခဲ့ပေမယ့် ရှေ့ကနေကြည့်ရင် Note Edge အသွင်သဏ္ဍာန်နဲ့ အတော်လေး ဆင်တူမှုရှိပါတယ်။ အနက်ရောင်သမ်းတဲ့ မီးခိုးရောင် သတ္တု နောက်ပြင်ဟာ အရမ်းကို သပ်ရပ် လှပပြီး အထစ်တစ်ခုလည်း ပါရှိနေပါတယ်။ Samsung ကုမ္ပဏီမှ Galaxy S6 ကို မတ်လ (၁) ရက်နေ့ စတင်ပြီး တရားဝင် မိတ်ဆက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: The Verge
http://www.trend.com.mm/2015/02/23/tech-5866

No comments:

Post a Comment