A gun attack in Saudi Arabia on a car carrying two US citizens has left one of them wounded, in the latest attack on foreigners in the Gulf kingdom.
ဆော်ဒီအာရေဗျ နိုင်ငံ အရှေ့ပိုင်း ရှီးယိုက် မျိုးနွယ်စုများ နေထိုင်ရာ အယ်- အီဆာပြည်နယ် တွင် ဇန်နဝါရီ ၃ဝ ရက်က အမေရိကန် နိုင်ငံသား နှစ်ဦး လိုက်ပါ လာသော ကားတစ်စီးကို သေနတ်သမား များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အမေရိကန် နိုင်ငံသား တစ်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ဆော်ဒီ ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။
ယင်းနောက်တွင် ဒဏ်ရာ ရရှိသွားသည့် အမေရိကန် နိုင်ငံသားကို သက်ဆိုင်ရာ က ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး ယင်း တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးလျက် ရှိသည်။
ဆော်ဒီအာရေဗျ နိုင်ငံတွင် အနောက် နိုင်ငံသားများကို အောက်တိုဘာလ နှောင်းပိုင်း ကတည်းက တိုက်ခိုက်မှုများ လုပ်ဆောင်လျက် ရှိရာ ယခု ဖြစ်ပွားသည့် တိုက်ခိုက်မှု သည် လေးကြိမ်မြောက် တိုက်ခိုက်မှု ဖြစ်ကြောင်း သိရသည်။
US citizen wounded in Saudi Arabia car shooting
#PyiChitThar
No comments:
Post a Comment