Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 1, 2015

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကို မြို့တော်ကောင်စီ အာဏာပိုင်က ဒေါ်လာ ၅၀ ဒဏ်ငွေချမှတ်



John Kerry slappe with $ 50 fine for not shoveling sidewalk


အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ သည် ဘော့စတွန်မြို့ ရှိ ၄င်း၏ နေအိမ်ပြင်ပ လမ်းပေါ်တွင် စွန့်ပစ် ထားသည့် နှင်းထုများကို ဖယ်ရှားခြင်း မရှိသောကြောင့် မြို့တော် အာဏာပိုင် အဖွဲ့က ၄င်းကို ဒေါ်လာ ၅၀ ဒဏ်ချမှတ် ခဲ့ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု တွင် ယခုနှစ် ဆောင်းရာသီ အတွင်း နှင်းများ ထူထပ်စွာ ကျဆင်းခဲ့ရာ ဘော့စတွန်မြို့ ရှိ ပင်ကနီ လမ်းမဘေး နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ ပိုင်ဆိုင်သည့် နေအိမ် နံဘေးတွင် နှင်းများ ထူထပ်စွာ စုပုံလာခြင်းကို ဖယ်ရှားခြင်း မရှိသည့် အတွက် မြို့တော် ကောင်စီ အာဏာပိုင် အဖွဲ့က ယခုကဲ့သို့ ဒဏ်ငွေ ချမှတ် ခဲ့ခြင်း ဖြစ်သည်။

မြို့တော် အာဏာပိုင် အဖွဲ့က ချမှတ်ခဲ့သည့် ဒဏ်ငွေကို နိုင်ငံခြားရေး ၀န်ကြီး အနေဖြင့် အမြန်ဆုံး ပေးဆောင် သွားမည် ဖြစ်ကြောင်း ၄င်း၏ ပြောရေးဆိုခွင့် ရှိသူ ဂလန်းဂျွန်ဆင် က ပြောကြား ခဲ့သည်။

နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ သည် အမေရိကန် ပြည်ထောင်စု ၊ ဘော့စတွန်မြို့ ရှိ ၄င်း၏ နေအိမ် အနီးတွင် နှင်းများ ထူထပ်စွာ စုပုံစဉ်အတွင်း ပြည်ပ နိုင်ငံများသို့ သွားရောက်၍ တာဝန် ထမ်းဆောင်ရလျက် ရှိကြောင်း နှင့် ဆော်ဒီအာရေဗျ နိုင်ငံသို့ သမ္မတ အိုဘားမား နှင့်အတူ ရောက်ရှိ နေကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရှိရသည်။

#PyiChitThar

No comments:

Post a Comment