Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 7, 2015

လတ်တလောခြိမ်းခြောက်မှုမှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒထုတ်ဖော်နေသည့် ကျောင်းသားဆန္ဒပြမှုဖြစ်ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ပြောကြား

ယခုအစိုးရလက်ထက်တွင် နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုရှိပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသည့် အချိန်တွင် ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများ ရှိခဲ့ပါကြောင်း၊ လတ်တလောခြိမ်းခြောက်မှု အနေဖြင့် အမျိုးသားပညာရေးဥပဒေကို ကန့် ကွက်ဆန္ဒထုတ်ဖော်နေသည့် ကျောင်းသား ဆန္ဒပြမှုဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက မြန်မာအသံနှင့်ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းကို ဖေဖော်ဝါရီ ၇ ရက် ည ၈နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ခဲ့သည်။

“ဒီလို အမျိုးသားပညာရေးဥပဒေကို ဆန္ဒထုတ်ဖော်တဲ့ ကျောင်းသားအဖွဲ့တွေ၊ အသက်အရွယ်ကြီးရင့်သူတွေ၊ ကျောင်းသားမဟုတ်တော့တဲ့သူတွေ၊ အိမ်ထောင်သည်တွေတောင် ပါဝင်နေတာကို တွေ့ရှိရပါတယ်။ ဒီဖြစ်စဉ်ကို ဆန်းစစ်ကြည့်မယ်ဆိုရင် ဖြစ်စဉ်ရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်နေသူထဲမှာ အစွန်းရောက်ဝါဒီသမား(ဟောင်း)တွေ ပါဝင်ပါတယ်။ သူတို့ရဲ့သားသမီးတွေကို မျိုးဆက်သစ်အဖြစ် မွေးထုတ်ပြီး ဦးဆောင်စေကာ သူတို့ရဲ့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းတဲ့နည်း၊ တောင်းယူတိုက်ယူတဲ့နည်းတွေ ကျင့်သုံးလာတာတွေ့ရပါတယ်။ တစ်ခါတရံမှာလည်း နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ အားပေးအားမြှေက်ပြုလုပ်နေတာကိုလည်း တွေ့ရှိရပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားသည်။

“အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်နေတဲ့ ကျောင်းသားကျောင်းသူ အစစ်အမှန်တွေအပေါ်မှာတော့ အခုချိန်ထိ တရားဥပဒေအရ အရေးယူဖို့ မရှိပါဘူး။ အရေးယူတာ မပြုလုပ်လိုတဲ့အတွက်လည်း လေးပွင့်ဆိုင်ဆွေးနွေးပွဲတွေ ပြုလုပ်စီစဉ် ခေါ်ယူတွေ့ဆုံညှိနှိုင်းဖြေရှင်းတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံတော်အလံ ဖြုတ်ချတာမျိုး ဥပဒေမဲ့ လုပ်ဆောင်လာကြတာကို တွေ့ရတဲ့အတွက် မင်းမဲ့စရိုင်ဆန်ဆန် ဒီလိုလုပ်ရပ်မျိုးကိုတော့ ဥပဒေက မျက်ကွယ်ပြုလို့မရပါဘူး။ တိုင်းပြည်မတည်မငြိမ် ဖြစ်ပေါ်ဖို့အောင် နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားသူတွေ၊ အားပေးအားမြှောက်ပြုနေကြသူတွေကိုတော့ ဆက်လက်စောင့်ကြည့် ဖော်ထုတ်သွားရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဆန္ဒပြကျောင်းသားများအနေဖြင့် ကိုယ်စားလှယ်ဖြစ်မှု၊ ဦးဆောင်မှု အခန်းကဏ္ဍများတွင် ရှုပ်ထွေးမှုများရှိနေပြီး ဆွေးနွေးတဲ့ အဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်း သဘောတူညီမှုရမှသာ အောင်မြင်မည် ဖြစ်သည့်အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ရန် လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်းကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်အနေနဲ့ ဆန္ဒပြအဖွဲ့များအပေါ် အလျော့ပေးမှုများရှိသလို စိတ်ရှည်ရှည်ဖြင့် ညှိနှိုင်းမှုများရှိခဲ့ပြီး ကျောင်းသားများအနေဖြင့် ဆွေးနွေးမှုများစတင်ကတည်းက သပိတ်များရပ်နားမည်ဟု သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း အခြေအနေအရပ်ရပ်ကြောင့် လေးပွင့်ဆိုင် တွေ့ဆုံမှု ရွှေ့ဆိုင်းခဲ့ရခြင်းအပေါ် သပိတ်စစ်ကြောင်းများက ရန်ကုန်သို့ ချီတက်၍ တစ်နိုင်ငံလုံး သပိတ်စစ်ကြောင်းများ ပူးပေါင်းကာ ဆန္ဒပြမှုများ ပြုလုပ်သွားမည်ကို သိရှိရကြောင်း ပြောကြားခဲ့သည်။
Eleven Media Group

No comments:

Post a Comment