Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 7, 2015

ကျားနှင့်ကျားသစ်ဟင်းလျာရောင်းသည့်စားသောက်ဆိုင်ကို ရဲတပ်ဖွဲ့ဖမ်းဆီး

ရုရှားနိုင်ငံ မြို့တော်မော်စကို၏ အစွန်အဖျားရှိ စားသောက်ဆိုင်တစ်ခုတွင် ကျားနှင့်ကျားသစ်တို့၏ အသားများ၊ အရေခွံများကို ဟင်းလျာအဖြစ် ရောင်းချနေကြောင်း စုံစမ်းသိရှိရာမှ ယမန်နေ့တွင် ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ဒေးလီးမေးလ်သတင်း ဌာနက ယနေ့ဖော်ပြထားသည်။
အဆိုပါစားသောက်ဆိုင်တွင် ကျားခေါင်းများကိုလည်း ရောင်းချနေပြီး ကျန်အစိတ်အပိုင်းများကို ရိုးရာတိုင်းရင်းဆေးဈေးကွက်သို့ ရောင်းချနေကြောင်း ရဲတပ်ဖွဲ့က သံသယရှိနေသည်ဟု ဖော်ပြထားသည်။

အဆိုပါစားသောက်ဆိုင်တွင် ကျားသားဟင်းလျာအတွက် ၁ကီလိုဂရမ်ကို စတာလင်ပေါင် ၁ဝဝဝဖြင့် ရောင်းချနေပြီး ကျားခေါင်းတစ်လုံးကို စတာလင်ပေါင် ၂၅ဝဝဖြင့် ရောင်းချနေကြောင်း သိရသည်။

ယမန်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် သံသယရှိသူတစ်ဦးကို ရှားပါးကျားမျိုးနွယ် သတ်ဖြတ်မှုအပါအဝင် ရောင်းဝယ်ဖောက်ကားမှုဖြင့်တရားစွဲရန် စစ်ဆေးနေကြောင်း သိရသည်။

သက်သေတွေ့ရှိခဲ့သည့် ကျား အသေကောင်မှာ ရှားပါး Amur ကျားမျိုးခွဲဖြစ်ကြောင်း သိရသည်။
T 1 P (Ref : Daily Mail )

The Union Daily
http://uniondaily.net/News/DetailView.aspx?id=11335&path=InternationalNews.aspx

No comments:

Post a Comment