တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံ
အငြင်းပွားလျက် ရှိသည့် နယ်စပ်ဒေသသို့ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ
သွားရောက် လည်ပတ်ခဲ့မှု အပေါ် တရုတ်နိုင်ငံ က တရားဝင် ဆန့်ကျင်ကန့်ကွက်
ခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၁ ရက်နေ့ NEWSnow သတင်းတစ်ရပ် အရ သိရသည်။
အိန္ဒိယနိုင်ငံ၏ အရှေ့မြောက် ဘက်ပိုင်းရှိ Arunachal Pradesh ပြည်နယ်၏ ပိုင်နက် နယ်မြေ တစ်ခုလုံးကို တရုတ်နိုင်ငံက ၄င်းတို့၏ တိဘက်ဒေသ တောင်ပိုင်းနယ်မြေ အဖြစ် ပြောကြားခဲ့ပြီး အဆိုပါ ကိစ္စရပ်အပေါ် အငြင်းပွားလျက် ရှိသည်။
အဆိုပါ ပြည်နယ်အတွင်းရှိ တိဘက်လူမျိုး ဗုဒ္ဓဘာသာဝင် များအတွက် အဓိက နေရာဖြစ်သော သမိုင်းဝင် Tawang မြို့အား ၁၉၆၂ ခုနှစ် စစ်ပွဲကာလ အတွင်း တရုတ်တပ်ဖွဲ့ များက ယာယီသိမ်းပိုက် ထိန်းချုပ်ခဲ့ကြောင်း သိရသည်။ တရုတ်အစိုးရ အနေဖြင့် Arunachal Pradesh ပြည်နယ်အဖြစ် လုံးဝ အသိအမှတ် ပြုမည် မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၂ဝ ရက် နေ့တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ဝက်ဘ်ဆိုက်၌ ကြေညာချက် တစ်ရပ်အား ထုတ်ပြန်ခဲ့ပြီး ဝန်ကြီးချုပ် မိုဒီ ၏ အဆိုပါ ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး ဆိုင်ရာ တိုးတက်မှုများ အပေါ် အထောက်အကူ ဖြစ်စေမည်မ ဟုတ်ကြောင်း လည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန က ထုတ်ပြန် ကြေညာ ခဲ့သည်။
အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ သည် ဓာတ်အားပေး စက်ရုံနှင့် မီးရထားလမ်း ဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ် ပေးရန်အတွက် Arunachal Pradesh ပြည်နယ်သို့ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် သွားရောက် ခဲ့ကြောင်း သိရှိရသည်။
#PyiChitThar

No comments:
Post a Comment