Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 23, 2015

ဂျပန်နိုင်ငံက မောင်းသူမဲ့လေယာဉ် အများအပြား ထုတ်လုပ်သွားမည် ဟုဆို


ဂျပန်နိုင်ငံ တိုကျိုမြို့၌ ဌာနချုပ် ရုံးစိုက်သော Kikuchi Seisakusho ကုမ္ပဏီသည် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် Minami-soma မြို့ Odaka ဒေသ၌ အသစ် တည်ဆောက် ထားသော အလုပ်ရုံ တစ်ခုတွင် လူထု ဆက်သွယ်ရေး နည်းလမ်းနှင့် ပတ်သက်၍ အသေးစား မောင်းသူမဲ့ လေယာဉ် သရုပ်ပြ ပျံသန်းမှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း NHK သတင်းတစ်ရပ် အရ သိရသည်။

၎င်း ကုမ္ပဏီသည် ဂျပန်နိုင်ငံ၌ မောင်းသူမဲ့ လေယာဉ် အများအပြား ထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ အဆိုပါ မောင်းသူမဲ့ လေယာဉ်များအား ပထမဆုံး အကြိမ် ထုတ်ဖော်ပြသ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Chiba တက္ကသိုလ်က ဖွဲ့စည်း ထူထောင်ထားသည့် စီးပွားရေး ကုမ္ပဏီ တစ်ခုက အဆိုပါ မောင်းသူမဲ့ လေယာဉ်အား ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အလေးချိန် ၃ ကီလိုဂရမ်ရှိပြီး ၃ဝ မိနစ်ကြာ ပျံသန်းနိုင်စွမ်း ရှိကြောင်း သိရသည်။

အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် အလိုအလျောက် စနစ်ဖြင့် အတက်အဆင်း ပြုလုပ်နိုင်သည့် အပြင် ဝေဟင်ပေါ် တွင်လည်း အလိုအလျောက် စနစ်ဖြင့် ပျံသန်းနိုင်သည်။ မောင်းသူမဲ့ လေယာဉ် တစ်စင်း ထုတ်လုပ်ရန် ကုန်ကျစရိတ် အနေဖြင့် အမေရိကန်ဒေါ်လာ ၁၇,ဝဝဝ ကုန်ကျကြောင်း၊ ဂျပန်ပြည်တွင်း နှင့် အမေရိကန် နိုင်ငံတို့မှ လေယာဉ် ဝယ်ယူရေး အတွက် အမှာစာများ ရရှိထားပြီး ဖြစ်ကြောင်းနှင့် နှစ်စဉ် မောင်းသူမဲ့ လေယာဉ် အစင်း ၄ဝဝ ထုတ်လုပ်ရန် စီစဉ် ထားကြောင်း Kikuchi Seisakusho ကုမ္ပဏီက ပြောကြား ခဲ့သည်ဟု သိရသည်။

ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား ဓာတ်အားပေး စက်ရုံအတွင်း ရေဒီယို သတ္တိကြွမှုကို တိုင်းတာရန် အတွက် အဆိုပါ မောင်းသူမဲ့ လေယာဉ်များကို အသုံးပြုလျက် ရှိကြောင်း သိရှိရသည်။

Drones to be mass-produced in Japan

#PyiChitThar

No comments:

Post a Comment