Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 2, 2015

မင်းကွန်းတွင်တွေ့ရှိထားသည့် ရှေးဟောင်းလှေကြီးကို စတင်ဖော်ယူ


ရှေးဟောင်းယဉ်ကျေးမှု နယ် မြေဖြစ်သည့် စစ်ကိုင်းမြို့နယ် မင်း ကွန်းရွာတွင် ဧရာဝတီ မြစ်ကမ်းပါး ပြိုရာမှ ပေါ်ထွက်လာခဲ့သည့် ရှေး ဟောင်း လှေကြီးကို ယခုအခါ မင်း ကွန်းလေးဌာန ဆရာတော်ကြီးများ က ဦးဆောင် ၍ ပြန်လည်ဆယ်ယူ လျက်ရှိကြောင်း သိရသည်။

အဆိုပါလှေကြီးကို ဇန်နဝါရီ ၄ရက်က ဧရာဝတီမြစ်ကမ်းဖောင် တော်သီဆိပ်တွင် ကမ်းပါးပြိုရာမှ လှေဦးပိုင်းကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီ ၂၉ရက်မှစတင် ကာ နစ်မြုပ်လှေကြီးကို စတင်ဖော် ဆောင်နေခြင်းဖြစ်ကြောင်း၊ ဦးမြင့် သိန်းဦးဆောင်သည့်အဖွဲ့က လူအင် အား ၁၅ ယောက်နှင့် စက်လှေသုံး စင်းကိုအသုံးပြုကာ ဘာလီကြိတ် ဖော်သည့် နည်းစနစ်ဖြင့်ဖော်နေ ခြင်းဖြစ်ကြောင်းသိရသည်။

လှေ ဖော်ဆောင်ခအဖြစ် ကျပ် ၁၂ သိန်း တောင်းခံထားသည်။ ယခုအခါ လှေကြီး၏တံကူကြီးနှစ်ခုနှင့်ဘေးက တန်းသစ်သားပြားကြီး နှစ်ချောင်း တို့ကိုဖော်ယူရရှိထားသည်။

လှေ ကြီး၏တံကူကွေးကြီးများမှာ ထု ၆ လက်မခန့်ရှိပြီး အချင်း ၅ပေ ၆လက်မခန့်ရှိကြောင်း၊ လှေကြီးမှာ ထွင်းလှေဖြစ်ပြီး အလျားပေ ၆ဝ ခန့်ရှိကြောင်း လှေဖော်အဖွဲ့သား များကခန့်မှန်းထားသည်။အဆိုပါလှေကြီးမှာ ရေအနက် ၁၅ ပေခန့်အောက် ရွှံ့နွှံထဲတွင် နစ် မြုပ်နေခြင်းဖြစ်ပြီး ရေဝဲရှိနေသဖြင့် လှေဖော်အဖွဲ့များအနေဖြင့် ခက် ခက်ခဲခဲ ဖော်ယူနေကြရကြောင်း သိရသည်။''လှေကြီးဖော်နေတာ သုံး ရက်ရှိနေပြီ။ ဘေးတန်းပျဉ်ချပ်ကြီး တွေနဲ့ လှေတံကူကြီးတွေပဲဖော် လို့ရသေးတယ်။ ရေငုပ်သမား တွေက ရေအောက်ငုပ်ပြီး ကြိုးချီ တယ်။ အပေါ်က စက်လှေကြီး နှစ်စင်းမှာတန်းပစ်ပြီး ဘာလီကြိတ် ပြီးဆွဲတင်ကြတယ်။ ဝဲဂယက်က လည်းရှိနေ၊ ရွှံ့နွှံထဲမှာနစ်မြုပ်နေ တာဖြစ်လို့ ခက်ခက်ခဲခဲဖော်နေ တာကိုတွေ့ရတယ်''ဟု မင်းကွန်း ဒေသခံ ပန်းချီဆရာကိုစုကပြော သည်။

လှေကြီးဖော်ဆောင်သည့် နေရာသို့ စိတ်ဝင်စားစွာလာရောက် ကြည့်ရှုနေသူများနှင့် နေ့စဉ်စည် ကားလျက်ရှိနေကြောင်းသိရသည်။အဆိုပါ ရှေးဟောင်းလှေကြီး သည် သက္ကရာဇ် ၁၁၅၈ ခုနှစ်ခန့် ဘိုးတော်ဘုရားလက်ထက်မင်းကွန်း ရွာတွင် ပုထိုးတော်ကြီး၊ ခြင်္သေ့ ကြီး၊ ခေါင်းလောင်းကြီးတို့ လာ ရောက်တည်ထားစဉ်က နစ်မြုပ်ခဲ့ သည့်ရှေးဟောင်းလှေကြီးဟုဒေသ ခံများက ထင်ကြေးပေးထားသည်။ ဖောင်တော်သီဆိပ်ကမ်းအနီးတွေ့ ရှိခြင်းဖြစ်၍မင်းကွန်းခေါင်းလောင်း ကြီးအား နန်းတော်ကျွန်းတွင်သွန်း လုပ်ပြီး မင်းကွန်းဘက်ကမ်းသို့ လှေဖောင်များနှင့်သယ်ယူရာတွင် အသုံးပြုခဲ့သည့် လှေကြီးတစ်စင်း ဖြစ်မည်ဟု ၄င်းတို့ကယူဆကြ သည်။

၁၉၇၉ ခုနှစ်က နန်းတော် ကျွန်းဘက်မှ ရွှေပိန်းချရှေးဟောင်း သစ်ထွင်း လှေကြီးတစ်စင်းကို တူး ဖော်တွေ့ရှိခဲ့ဖူးကြောင်း၊ အဆိုပါ လှေကြီးမှာ အလျား ၇၉ ပေ လှေဝမ်းအကျယ် ၅ပေခွဲရှိကြောင်း၊ ရှေးဟောင်းသုတေသနဌာနမှ ပြန် လည်ပြုပြင်ကာ အမရပူရမြို့နယ် သပြေတန်းခံတပ်တွင် ထိန်းသိမ်း ပြသထားကြောင်း၊ယခုတွေ့ရှိသည့် လှေကြီးသည်လည်း သပြေတန်းခံ တပ်တွင်ထိန်းသိမ်းပြသထားသည့် လှေကြီးအရွယ်ရှိလိမ့်မည်ဟု ခန့် မှန်းထားကြကြောင်းသိရသည်။

နန္ဒာမင်းလွင်
The Union Daily
http://uniondaily.net/News/DetailView.aspx?id=11018&path=/Default.aspx

No comments:

Post a Comment