Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 6, 2015

Apple က သူရဲ့ ကိုယ်ပိုင် Search Engine ဖြင့် အလုပ်လုပ်နိုင်တော့မှာလား


အသုံးပြုသူ သန်းပေါင်း များစွာကို ထောက်ပံ့ပေးမည့် search platform ကို ကြီးကြပ်ပေးဖို့ အလုပ်ခေါ်စာကို Apple က ကြေငြာခဲ့ပါတယ်။ Google ကို ပြိုင် ဖို့အတွက် Apple ရဲ့ Search Engine ကို တည်ထောင် တာလည်း ဖြစ်နိုင်ပါတယ်။
 “သုံးစွဲသူ သန်းရာချီကို ထောက်ပံ့ပေးမယ့် Search Platform” ဆိုတဲ့ အောက်မှာ Project Manager ရာထူးအတွက် သင့်တော်တဲ့လူ ရှာနေပါတယ်ဟု ကြေငြာပြီး Cupertino လုပ်ငန်းက အလုပ်ခေါ်စာ ကြေငြာ ခဲ့ပါတယ်။ အလုပ်ရသွားမယ်လူကတော့ လူတွေဟာ သူတို့ရဲ့ ကွန်ပျူ တာတွေ မိုလ်ဘိုင်းဖုန်းတွေကို ဘယ်လို အသုံးပြု မလဲဆိုတဲ့ အခြေခံ သဘောတရား ပြောင်းလဲနေမှုတွေ အတွက်လည်း တစ်စိတ် တစ်ဒေသက ပါဝင် လုပ်ဆောင်ရပါမယ် လို့လည်း ဖော်ပြ ထားပါသေးတယ်။
Google ဟာ Search engine တွေ အများကြီး ရှိထဲ့ထဲက လူသုံးအများဆုံးနေရာမှာ တည်ရှိနေပြီး ဒုတိယနေရာမှာတော့ Bing က ရပ်တည်နေပါတယ်။ လူတော်တော်များများက သူတို့ရဲ့  Desktop Browser အဖြစ် Google ကို သဘောမကျတော့တဲ့အချိန်မှာ Apple ပစ္စည်းများအတွက် Apple search engine ကို default အဖြစ် မိတ်ဆက်ပေးခဲ့ပါတယ်။
 လောလောဆယ်မှာတော့ သုံးစွဲသူတွေ အနေဖြင့် Siri မှ တစ်ဆင့် Voice activate လုပ်ပြီး ရှာဖွေ မယ် ဆိုရင် Safari browser နှင့် Microsoft Bing အတွက် Apple က Google ကို Default အဖြစ် သုံးနေ ရပါသေး တယ်။ ဒါပေမယ့် ဒီနှစ် အတွင်းမှာပဲ Safari အတွက် Google နဲ့ စာချုပ် ချုပ်ထားတာဟာ သက် တမ်းပြည့်တော့မှာ ဖြစ်ပါတယ်။


Credit : http://news.sky.com
http://technology.thithtoolwin.com/2015/02/apple-search-engine.html

No comments:

Post a Comment