၂၀၁၅ ခုနှစ် အော်စကာရုပ်ရှင်ဆုပေးပွဲအတွက် ဆန်ခါတင်ရွေးချယ်ခံထားတဲ့
စာရင်းကို ဟောလီဝုဒ်က ထုတ်ပြန်ရာမှာ ဇာတ်လမ်းအသားပေးရုပ်ရှင်၊
ဟာသရုပ်ရှင်နဲ့ ကိုယ်ရေးအတ္တုပတိ ရုပ်ရှင်ကားတွေ စုံစုံလင်လင်ပါဝင်ပါတယ်။
အားလုံးထဲမှာ ထိပ်ဆုံးရောက်နေတဲ့ ရုပ်ရှင်ကားနှစ်ကားကတော့ အကောင်းဆုံး ဇာတ်ကားဆုအပါအ၀င် တကားစီကို ဆုအမျိုးအစား ၉ ခုစီ တင်ကြိုပေးခံရတာပါ။ Birdman ဆိုတဲ့ ဇာတ်ကားမှာတော့ အောင်မြင်မှုမရတဲ့ သရုပ်ဆောင်တဦးက Broadway ပြဇာတ်ဒါရိုက်တာအဖြစ်နဲ့ အနုပညာလောကမှာ ပြန်ပြီးအောင်မြင်မှု ရအောင်ကြိုးစားတဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။
နောက်ထပ် ဟာသ ဇတ်မြူးကားဖြစ်တဲ့ The Grand Budapest Hotel ကတော့ ဟိုတယ်ဧည်ကြိုတဦး လူသတ်မှုနဲ့ စွပ်စွဲခံရတာကို လွတ်မြောက်အောင် ကြိုးစားတဲ့အကြောင်း ရိုက်ကူးထားတဲ့ ကားပါ။ အကောင်းဆုံးဇာတ်ကားဆုမှာ ဇကာတင်ရွေးခံရတဲ့ နောက် ဇတ်ကားနှစ်ကားကတော့ ဗြိတိသျှ အတ္တပတိ ရုပ်ရှင်ကား The Theory of Everything နဲ့ သိပံ္ပပညာရှင် Stephen Hawking နဲ့ Alan Turing တို့အကြောင်း ရိုက်ကူးထားတဲ့ The Imitation Game ဇာတ်ကားတို့ဖြစ်ပါတယ်။
အီရတ်စစ်ပွဲကို အခြေခံရိုက်ကူးထားတဲ့ American Sniper ဆိုတဲ့ ဇာတ်ကား၊ အမေရိကန် နိုင်ငံသားအခွင်အ့ရေးလှုပ်ရှားမှုကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ Selma ဆိုတဲ့ ဇာတ်ကားနဲ့ လူငယ်တဦး ကြီးပြင်းလာတဲ့အကြောင်း ၁၂ နှစ်ကြာ အချိန်ယူ ရိုက်ကူးထားတဲ့ Boyhood နဲ့ နောက်ဆုံးတကားကတော့ Jazz ဂီတ Drummber တဦး သူ့နယ်ပယ်မှာ အောင်မြင်အောင် လုပ်တဲ့ Whiplash တို့ ရဲ့ ဇာတ်ကားတို့ဖြစ်ပါတယ်။ အကယ်ဒမီဆုပေးပွဲကို ဖေဖ်ာဝါရီ ၂၂ မှာ ကျင်းပပြီး ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်မှာပါ။
http://burmese.voanews.com/content/oscar-nomination-lists/2599575.html

No comments:
Post a Comment