အသက်
၂၇ နှစ်ရှိ Carmen Yarira Noriega Esparza ဆိုသူဟာ မက်ဆီကိုမြို့တော်ရှိ
သူမနေအိမ်မှ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ပျောက်သွားခဲ့ပါတယ်။
လိင်လူကုန်ကူးမှုမှာ ရောင်းချခံဖြစ်နေခဲ့မှာကို သူမ သူငယ်ချင်းမိတ်ဆွေတွေနဲ့
မိသားစုတွေက စိုးရိမ်သောကဖြစ်ကာ သူမကို ရှာဖွေဖို့အတွက်
လူမှုမီဒီယာစည်းရုံးလှုံ့ဆော်မှုတွေ ဆောင်ရွက်ခဲ့ပေမယ့် ခုထိ သူမကို
ရှာဖွေလို့မရခဲ့ပါဘူး။
သူမနေထိုင်ရာ တိုက်ခန်း အဆောက်အဦးတွင်
နေထိုင်ကြသူတွေက သူတို့သုံးတဲ့ သောက်ရေရဲ့အရသာတစ်မျိုးထွက်နေကြောင်း
တိုင်တန်းမှုပြုလုပ်ပြီးတဲ့နောက် မြို့တော်အရာရှိတွေက သူမနေအိမ် တိုက်ခန်း
အဆောက်အဦးရဲ့ ရေတိုင်ကီထဲ အလောင်းကို မျောလျက် ရှာဖွေတွေ့ရှိခဲ့တယ်လို့
မက်ဆီကို ရဲတပ်ဖွဲ့က ဆိုတယ်။ ၄င်းကိစ္စနဲ့ ပတ်သက်ပြီး သူမအရင်ရည်းစားကို
သံသယဖြစ်နေသလို သူမ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မိသားစုက Noriega Esparza ရဲ့
ခြေရာပျောက်နေတာကို အချိန်အတော်ကြာ လျစ်လျူရှုထားနိုင်တဲ့ သူမရဲ့ရည်းစားကို
အံ့သြနေကြပါတယ်။
၎င်းသောက်ရေအရသာ တစ်မျိုးဖြစ်နေခြင်းမှာ Noriega
Esparza ရဲ့ ပုပ်သိုးနေတဲ့ အလောင်းကြောင့်ဖြစ်တယ်လို့
မြို့တော်အာဏာပိုင်များ ထုတ်ဖော်ပြောဆိုလိုက်တဲ့အချိန်မှာ
အဲဒီအဆောက်အဦးမှာ နေထိုင်ကြသူတွေကတော့ အမျက်ဒေါသထွက်ခဲ့ကြပါတယ်။
သေဆုံးခြင်း အကြောင်းအရင်းကိုတော့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တရားဝင်
ထုတ်ပြောခြင်း မရှိသေးပေမယ့် သူမရင်သားနဲ့ ခွဲစိတ်တပ်ဆင်ထားတဲ့
တင်ပါးဆုံတုကနေ တဆင့် ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုတယ်။
Source: Cosmopolitan
http://www.trend.com.mm/2015/01/14/news-5489
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, January 15, 2015
ပျောက်ဆုံးနေတဲ့ မက်ဆီကန်သရုပ်ဆောင် မင်းသမီးအလောင်းကို ရေတိုင်ကီထဲ မျောလျက်အနေအထားနဲ့ ရှာဖွေတွေ့ရှိ
ပျောက်ဆုံးနေတဲ့ မက်ဆီကန်သရုပ်ဆောင် မင်းသမီးအလောင်းကို ရေတိုင်ကီထဲ မျောလျက်အနေအထားနဲ့ ရှာဖွေတွေ့ရှိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 15, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 15, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment