ညအိပ်ရာ
မ၀င်ခင်တွင် ဖုန်းများ၊ တဲဘလက်များ၊ အီးဘွတ်ခ် စာအုပ် ဖတ်စက်များဖြင့်
စာဖတ်လေ့ ရှိသော စာချစ်သူများ အနေဖြင့် ကျန်းမာရေး ထိခိုက်နိုင်သည့်
အန္တရာယ်ကို သတိပြုကြဖို့ လိုကြောင်း သုတေသန ပညာရှင်များက ပြောကြား
လိုက်သည်။
စာရွက်ဖြင့် လုပ်ထားသော စာအုပ်များကို
ဖတ်ခြင်းကြောင့် မျက်လုံးကို ထိခိုက်မှု မရှိသော်လည်း တောက်ပသော အလင်းရောင်
ထွက်သည့် ဖုန်းများ၊ တဲဘလက်များ၏ ဖန်သားပြင်တွင် ပေါ်သော စာလုံးများကို
ဖတ်ရှုခြင်းသည်ကား ဦးနှောက်ကို များစွာ ထိခိုက်စေကြောင်း ဘော်စတန်မြို့ရှိ
ဟားဗတ် ဆေးတက္ကသိုလ် သုတေသန ပညာရှင်များက ပြောကြား လိုက်သည်။
တောက်ပသော ဖန်သားပြင်များက ထွက်သော အလင်းရောင်များကြောင့် ဦးနှောက်သည်
ညကို နေ့ဟု မှတ်ထင်တတ်သည်။ ထိုအခါ လူကို အိပ်ချင်စေသော မယ်လ်တိုနင်
ဟော်မုန်း မထုတ်ပေးသဖြင့် လူသည် တော်တော်နဲ့ အိပ်မရ ဖြစ်ရတော့သည်။
အိပ်ခါနီး အီးဘွတ်ခ် (အီလက် ထရောနစ် စာအုပ်) ဖတ်သူများသည် အိပ်ပျော်ရန်
အချိန် ကြာမြင့်ကြောင်း လေ့လာ တွေ့ရှိခဲ့ရသလို အိပ်ရေးမ၀ခြင်း နှင့် မနက်
မိုးလင်း ချိန်တွင် နိုးကြားမှု မရှိခြင်းစသည့် ဆိုးကျိုး များကိုလည်း
ခံစားရကြောင်း တွေ့ရှိခဲ့ရသည်။
အီးဘွတ်ခ် များသည် ရေရှည်
အိပ်ရေးပျက်ခြင်း ဖြစ်စေသလို ခန္ဓာကိုယ်တွင်းရှိ ဇီဝကမ္မ ဖြစ်စဉ်များကို
ကပြောင်းကပြန် ဖြစ်စေပြီး အကျိုးဆက် အနေဖြင့် ကျန်းမာရေးနှင့် အရည်အချင်း
စွမ်းဆောင်ရည်များ ကျဆင်း လာစေနိုင်ကြောင်း သိရသည်။ အဆိုပါ ပစ္စည်းများမှ
ထွက်ရှိသည့် အပြာရောင် အလင်းက အိပ်ချင်စိတ် ဖြစ်စေသော
မယ်တိုနင်ဟော်မုန်းကို မထွက်ရှိအောင် ဟန့်တား ပစ်နိုင်ကြောင်း သိရသည်။
လေ့လာမှုများ အရ အိပ်ရေး မ၀ခြင်းကြောင့် ရင်သား ကင်ဆာနှင့်
ဆီးကျိတ် ကင်ဆာ အပါအ၀င် ကင်ဆာရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ် များကြောင်း
သိရသည်။ လူအများစုမှာ စာဖတ်ခြင်း၊ ဖျော်ဖြေရေးနှင့် ဆက်သွယ် ပြောဆိုမှုများ
အတွက် စမတ်ဖုန်းများ၊ တဲဘလက်များကို အားကိုးလာကြပြီး ကလေးငယ်များနှင့်
လူရွယ်များသည် အိပ်ရေးပျက်ခံ အသုံးပြုနှုန်း အများဆုံး ဖြစ်ကြောင်း
တွေ့ရသည်။
the messenger
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, January 12, 2015
အိပ်ရာဝင်ခါနီး အီးဘွတ်ခ် ဖတ်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်နိုင်
အိပ်ရာဝင်ခါနီး အီးဘွတ်ခ် ဖတ်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်နိုင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 12, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 12, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment