ဟောလိဝုဒ်က မင်းသမီးကြီးတွေ ဘာလို့ အရွယ်နဲ့ မလိုက်အောင် ငယ်ရွယ် လှပနေပုံ
ပေါ်ရတာလဲ။ အဖြေကတော့ သူတို့ မိတ်ကပ် ဆရာတွေက မိတ်ကပ် လှည့်ကွက်
တချို့ကိုသုံးလို့ ဖြစ်ပါတယ်။ သူတို့ ဘယ်လို နည်းတွေကို သုံးလဲဆိုတာ
ကြည့်ရအောင်။
အရောင်တွေကို ရဲရဲသုံးပါ။
အညိုနုရောင်၊ မီးခိုးရောင်၊ ညိုဝါရောင်၊ အညိုရောင် မိတ်ကပ်တွေကိုက
သင့်မျက်နှာကို မှုန်မှိုင်းစေပါတယ်။ အရောင် တောက်တောက်တွေက သင့်မျက်နှာကို
ပို၍ငယ်ရွယ် ကျန်းမာပုံ ပေါ်စေပါတယ်။
ဖောင်ဒေးရှင်း (Foundation) မလိမ်းခင် အစိုဓာတ် ထိန်းခရင်မ်လိမ်းပါ။
အစိုဓာတ်ထိန်း ခရင်မ် အရင် မလိမ်းဘဲ ဖောင်ဒေးရှင်း
လိမ်းတဲ့အခါ အရေပြားက ဖောင်ဒေးရှင်းက အစိုဓာတ်ကို စုပ်ယူတဲ့ အတွက်ကြောင့်
အရေးအကြောင်းတွေ အမည်း စက်တွေကို ထင်ရှား စေပါတယ်။
သင်ဟာ အသက် (၅၀) ကျော် အရွယ်ဆိုရင် ရွှေရောင်ပါတဲ့ ဖောင်ဒေးရှင်းကို သုံးပါ။
ရွှေရောင်က မျက်နှာ နီမြန်းတာ၊ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်တာတို့ကို လျော့ပါးစေပါတယ်။
မျက်နှာပေါ်က အမည်းစက်တွေကို ဖုံးချင်ရင် ကွန်ဆီလာ (Concealer) သုံးပါ၊ ဖောင်ဒေးရှင်းနဲ့ မဖုံးပါနဲ့။
ဖောင်ဒေးရှင်း သုံးပြီး အမည်းစက်တွေ ဖျောက်ရင်တော့
အရေးအကြောင်းတွေကို ပိုထင်ရှားစေပြီး သဘာဝ မကျတော့ပါဘူး။ ဒါကြောင့်
ကွန်ဆီလာကိုသာ သုံးပါ။
သင့်မျက်နှာက အဆီ မပြန်တတ်ဘူးဆိုရင် အသက် (၅၀) ကျော်တာနဲ့ ပေါင်ဒါ မဖို့ပါနဲ့တော့။
ပေါင်ဒါက မျက်နှာ အရေးအကြောင်းတွေကို ပိုတွဲကျစေပြီး သင့်ရုပ်ကို ပိုပြီးရင့်ရော် စေပါတယ်။
မျက်လုံး အရောင်နဲ့ ဆန့်ကျင်ဘက် အရောင် အိုင်းရှဲဒိုးတွေ သုံးပါ။
သင့်မျက်ဆန်က အညိုရောင်ဆိုရင် အပြာ၊ ခရမ်း၊ အစိမ်းရောင် အိုင်းရှဲဒိုးတွေ သုံးပါ။ မျက်လုံးကို ပိုတောက်ပစေပါတယ်။
အပေါ်ဘက် မျက်ခွံ အနားစပ်ကို ရေစိုခံ အနက်ရောင် လိုင်နာဆိုးပါ။
ထိုသို့ပြင်တာက သင့်ကို လန်းဆန်းတဲ့ ပုံပေါ်စေပါ တယ်။
အောက်နှုတ်ခမ်း အလယ်ကို တောက်ပတဲ့ နှုတ်ခမ်းနီ အဆီတို့ပေးပါ။
ဒါက နှုတ်ခမ်းသား ဖူးဖူးလေး ဖြစ်သယောင် ထင်ရစေပါတယ်။ ပိုပြီး
အရွယ်တင် စေပါတယ်။ ဒါပေမဲ့ နှုတ်ခမ်းနီ အဆီကိုတော့ အရောင်ရင့်ရင့်တွေ
မသုံးပါနဲ့။
the messenger
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, January 12, 2015
အရွယ်တင်တဲ့ မိတ်ကပ်ပြင်နည်း
အရွယ်တင်တဲ့ မိတ်ကပ်ပြင်နည်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 12, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 12, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment