Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 12, 2015

တိရစ္ဆာန်များ ကိုယ့်ကိုယ်ကို သတ်သေ တတ်ကြ သလား

ပေကျင်း ။ ။ တိရစ္ဆာန်များ ကိုယ့်ကိုယ်ကို သတ်သေမှုအဖြစ် ကျမ်းဂန်များနှင့် ဆိုရိုးစကား များတွင် တွေ့ နိုင် ကြားနိုင်သည်။ ကျမ်းဂန် များ၏ အဆို တစ်ရပ်တွင် ဇာမဏီသားကောင်သည် သူ၏ အမြီးကို အသက်ထက်ပို တန်ဖိုးထားကာ ထိန်းသိမ်းစောင့်ရှောက်သည်ဟု ဆိုသည်။

ချင်းရိုးရာတွင် လည်းအောက်ချင်း ငှက်မောင်နှံ တို့သည် တစ်ကောင်သေဆုံးပါက ကျန်ရစ်သည့် တစ်ကောင်က အရှိန်ဖြင့်မြေသို့  ဦးဆိုက်ပျံကာ ရင်ဘတ်နှင့်မြေပြင် ကိုရိုက်ပစ်ပြီး လိုက်သေဆုံး ကြသည်ဟု ဆိုသည်။

တရုတ်နိုင်ငံတွင် တွေ့ ရှိလိုက် ရသည့် ငန်းသား အမိနှစ်ကောင်၏ အဖြစ်သနစ်က တိရစ္ဆာန်များ ကိုယ့်ကိုယ်ကို သတ်သေခြင်းကို သတ်သေပြ လိုက်သလို ရှိနေ သည့် လက်တွေ့ အဖြစ်အပျက် တစ်ခုဖြစ်သည်။

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် စန်မန်ကျီရေအိုင်တွင် မိခင်ငန်းမကြီးသေဆုံးနေသည့် ဘေးတွင် ပူဆွေးဝမ်းနည်းနေဟန်ရှိသည့် ငန်းငယ်တစ်ကောင်က ကိုယ်ကို ကို ရေနှစ်အဆုံး စီရင်လိုက် ဖွယ်ရှိသည့် အဖြစ်သနစ်ကို ယန်ယန်ရှောက် ဆိုသည့် အမျိုးသမီး တွေ့ ရှိ မှတ်တမ်း ဓာတ်ပုံ ရိုက်လိုက်နိုင် သည်။

အေးမြသည့် စန်မန်ကျီရေအိုင်ကြီးအတွင်း ငန်းမကြီး တစ်ကောင်သေဆုံးနေသည့် ဘေးတွင် ငန်းငယ် တစ်ကောင်က ပြာယာခတ်ဗျာ များနေ သည်ကိုယန် ယန်ရှောက်က ဦးစွာတွေ့ ရှိသည်။ ထို့နောက်တွင် ယင်းငန်းငယ်က ရေထဲတွင် ဦးခေါင်းကို ထိုးနှစ်ထား လိုက်တော့ကာ မကြာမီ မိနစ်ပိုင်း အတွင်းသေဆုံးသွား သည်ကို ယန်ယန်ရှောက်က မှတ်တမ်း ဓာတ်ပုံ ရိုက်ထား ခဲ့သည်။

"ကျွန်မစောင့်ကြည့်နေခဲ့တယ်။ ငန်းမကြီးဘေးက ငန်းလေးဟာ ရေထဲခေါင်းနှစ်လိုက်ပြီးနောက် ငြိမ်သက်သွားတယ်။ မိနစ်ပိုင်းမှာ သေဆုံးသွားတာဖြစ်တယ်။ အအေးဒဏ်အတွင်းမှာ အသက်ကြီးတဲ့ ငန်းမကြီးက သေဆုံးရတာဖြစ်တယ်။ ဒါပေမယ့် ငန်းလေးက ဒီအချိန်မှ သိပ်ကို ပူပန်နေဟန်ရှိပြီး လူးလာခေါက်တုံ ဗျာများနေခဲ့ပုံပဲ။ နောက်တော့ ရေထဲခေါင်းကို ထိုးနှစ်လိုက်ပြီး အချိန်နည်းနည်း ကြာတော့ ငြိမ်သက်သွားတာပဲဖြစ်တယ်။"ဟု ယန်ယန်ရှောက်က ပြောခဲ့သည်။

တိရစ္ဆာန်များသည် စိတ်ဆင်းရဲမှုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်တတ်ကြသလား အဆုံးမစီရင်လားဆိုသည်နှင့် ပတ်သက်ကာ သိပ္ပံပညာရှင်များ အကြားဆွေးနွေးငြင်း ခုံမှုများ နှစ်အတန်ကြာ ရှိနေ ခဲ့သည်။

သို့ သော် ၁၈၅၅ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ခွေးလေးတစ်ကောင်၏ ဖြစ်ရပ်က တိရစ္ဆာန်များ ကိုယ့်ကိုယ်ကို အဆုံး စီရင်သည် ဟုပြောနိုင်မည့် အနေ အထားဖြစ် သည်။ ရေထဲသို့ ခွေးလေးက ကိုယ်တိုင် ခုန်ချကာ မိမိကိုယ်ကို ရေနှစ်နေခြင်းဖြစ်သည်။ မိမိကိုယ်ကို အကြိမ်ကြိမ်ရေနှစ်နေခဲ့သည်မှာ လမ်းသွားလမ်း လာတစ် ဦး ရောက်ရှိလာချိန်အထိ ဖြစ်ပြီး မကြည့်ရက်သည့် လမ်းသွားလမ်းလာဖြစ်သူက ရေထဲနစ်၍ သေဆုံးစေခဲ့ခြင်းဖြစ်ကြောင်း ထိုစဉ်က ထုတ်ဝေသည့် လန်ဒန် နယူး သတင်းတွင် ဖော်ပြထားသည်။

ဘဲများသည်လည်း မိတ်လိုက်ဖက်ဖြစ်သည့် အဖော်ဘဲ သေဆုံးသည့်အခါ ကိုယ်ကိုကို ရေနှစ်သတ်ဟန်ရှိပြီး သေဆုံးသည့် အဖြစ်အပျက်များလည်း များစွာရှိ ထားသည်ဟု ဆိုသည်။

Ref: Mail Online
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/36862-2015-01-12-09-20-26

No comments:

Post a Comment