Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 12, 2015

မြို့လေးမြို့မှာ ဖျော်ဖြေဖို့ရှိတဲ့ အိုင်စီ

အိုင်းရင်းခရော့စ်အဖွဲ့သည် ဇန်နဝါရီအတွင်း ရန်ကုန်မြို့အပါအဝင် မြို့လေးမြို့၌ ဖျော်ဖြေပွဲများပြု လုပ်သွားရန် အစီအစဉ်ရှိကြောင်း ပုဂံအင်တာတိန်းမန့်မှ ဈေးကွက်မန်နေဂျာကိုညီကပြောသည်။

‘‘၁၄ ရက်နေ့ကို မန္တလေးမှာ NLD ပညာရေးကွန်ရက် လေးနှစ်ပြည့်ရန်ပုံငွေပွဲအတွက် ဖျော်ဖြေပေးပါ မယ်။ နောက်ပြီး ဗိုလ်ချုပ်နှစ် (၁၀၀)ပြည့်အထိမ်းအမှတ်ပွဲကို ၁၉ ရက်နေ့ ညောင်ဦးမှာလုပ်မှာပါ’’ဟု ၎င်းက ပြောသည်။ မန္တလေးဖျော်ဖြေပွဲတွင် အိုင်းရင်းခရော့စ်အဖွဲ့၏ ပင်တိုင်အဆိုရှင်များနှင့်အတူ ဒေးဗစ်ခွန်နောင်၊ ဆုန်သင်းပါရ်၊ စိုးပြည့်သဇင်တို့ပါဝင်ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး ညောင်ဦးမြို့ဖျော်ဖြေပွဲ၌ အိုင်းရင်းခရော့စ်အဖွဲ့၏ ပင်တိုင်အဆိုရှင်များသာ ဖျော်ဖြေပေးမည်ဖြစ်သည်။

ဇန်နဝါရီ ၂၅ ရက်တွင်မူ ချယ်ရီအက်ဖ်အမ်၏ နှစ်ပတ်လည်ဖျော်ဖြေပွဲအနေဖြင့် ကန်တော်ကြီးမျှော်စင်ကျွန်း၌ အခမဲ့ဖျော်ဖြေပွဲပြုလုပ်သွားမည်ဖြစ်သည်။ ဇန်နဝါရီ ၃၁ရက်တွင်မူ မူဆယ်မြို့၌ ကုမ္ပဏီပရိုမိုးရှင်း ဖျော်ဖြေပွဲပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း ကိုညီကပြောသည်။
http://7daydaily.com/story/29228#.VLMSHHu6bMs

No comments:

Post a Comment