Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 19, 2015

တိုက္ပြဲဆက္ျဖစ္ေနခ်ိန္ ဖားကန္႔ေဒသခံမ်ား အစိုးရနယ္အတြင္း ပိတ္မိေနဆဲ

အစိုးရ တပ္မ ၆၆ တပ္ဖြဲ႕ (ဘယ္) နဲ႔ KIA တပ္ရင္း ၆ တပ္ဖြဲ႕၊ ဖားကန္႔၊ ကခ်င္ျပည္နယ္
ကခ်င္လြတ္ေျမာက္ေရးတပ္ဖြဲ႕ KIA တပ္ႏွင့္ အစုိးရ၏တပ္ဖြဲ႔တုိ႔အၾကား ဇန္နဝါရီလ ၁၇ ရက္ နံနက္ ၉ နာရီမွ ညေန ၆ နာရီခန္႔ထိ တုိက္ပြဲ ဆက္လက္ ျဖစ္ပြားကာ ပိတ္မိေနေသာ ေဘာင္ဘာေလ ေဒသခံမ်ားလည္း ပိတ္မိေနဆဲ ျဖစ္သည္ဟု KIA ႏွင့္ ဖားကန္႔ေဒသခံမ်ားက ေျပာသည္။

ဇန္နဝါရီလ ၁၅ ရက္မွစတင္၍ KIA ၏ တပ္မဟာ ၂ လက္ေအာက္ခံ တပ္ရင္း ၆ တပ္ဖြဲ႔ႏွင့္ အစုိးရ၏ တပ္မ ၆၆ လက္ေအာက္ခံ တပ္တို႔အၾကား သံုးရက္ေျမာက္ တုိက္ပြဲမ်ား ဆက္လက္ ျဖစ္ပြားေနျခင္း ျဖစ္သည္။

“မနက္ ၉ နာရီကေန ခုခ်ိန္ထိ ဒီေန႔ တစ္ေနကုန္ တုိက္ပြဲ ျဖစ္တယ္။ ေအာင္ဘာေလရြာသားေတြကုိ သူတို႔ လူသားဒုိင္း လုပ္တယ္။ က်ေနာ္တုိ႔က လူထုကုိထိမွာ စိုးလုိ႔ မပစ္ဘူး” ဟု KIA တပ္ရင္း ၆ တပ္ရငး္မွဴး တန္ဆုိင္းက ေျပာသည္။

ဖားကန္႔ၿမိဳ႕ေပၚမွ ဘာသာေရးေခါင္းေဆာင္မ်ားက ဇန္နဝါရီလ ၁၇ ရက္ နံနက္ပုိင္းမွစတင္၍ ဖားကန္႔၊ ဆုိင္းေတာင္တုိ႔မွ ကားအစီးေပါင္း ၁၀၀ ေက်ာ္ႏွင့္အတူ ေအာင္ဘာေလ ရြာသားမ်ားကုိ ကယ္ဆယ္ရန္ သြားေရာက္ခဲ့ေသာ္လည္း အစိုးရ စစ္တပ္ ခြင့္ျပဳျခင္း မရွိသျဖင့္ ယေန႔ ညေနထိ ကယ္ထုတ္ႏုိင္ျခင္း မရွိေသးေပ။

ယေန႔ နံနက္ပုိင္းတြင္ လံုးခင္း ဘုရားေက်ာင္းတြင္ ကား အစီး၁၀၀ ခန္႔သည္ အဆင့္သင့္ ေစာင့္ဆုိင္းေနကာ အစုိးရစစ္တပ္ႏွင့္ ညပုိင္းတြင္ သြားခြင့္ျပဳလုိက္ေသာ္လည္း ရြာသားမ်ားအား ေခၚယူႏုိင္ျခင္း မရွိေသးေၾကာင္း ဖားကန္႔ၿမိဳ႕ခံ ဦးေဇာ္တူးက ေျပာသည္။

“ေန႔လည္ေလာက္က သူတုိ႔ကုိ သြားခြင့္ျပဳလုိက္ၿပီ။ ဆုိင္းရာမွာ စုထားတယ္။ ဟုိဘက္ကမ္းက (ေအာင္ဘာေလ) ရြာသားေတြကုိေတာ့ ဒီဖက္ကမ္းကုိ မျဖတ္ခုိင္းေသးဘူး၊ ခုညေနထိ ရြာသားေတြကုိ ေခၚလို႔ မရေသးဘူး” ဟု သူက ေျပာသည္။

ယေန႔ တုိက္ပြဲမ်ား ဆက္လက္ ျပင္းထန္ေနဆဲ ျဖစ္ကာ ပိတ္မိေနေသာ ေအာင္ဘာေလ ေက်းရြာသားမ်ားအား ေခၚယူရန္ ဖားကန္႔မွ ဘာသာေရးေခါင္းေဆာင္မ်ားက ႀကိဳးပမ္းခဲ့ေသာ္လည္း ညေနထိ ျပန္လည္ ကယ္ဆယ္ ႏုိင္ျခင္း မရွိေသးေၾကာင္း ကခ်င္လူမႈဖြံ႔ၿဖိဳးေရးကြန္ယက္ (KDNG) တာဝန္ခံ ကုိစာဂ်ီးက ေျပာသည္။

ယမန္ေန႔ ဇန္နဝါရီလ ၁၆ ရက္ ညေနပုိင္းတြင္ ရြာသားမ်ားကုိထြက္ခြင့္ျပဳလုိက္ေသာ္လည္း ေနာက္ပုိင္းတြင္ ထြက္ခြင့္မျပဳဘဲရြာသားမ်ားကုိ အကာအကြယ္အျဖစ္ အစုိးရ စစ္တပ္ကအသံုးျပဳေနျခင္း ျဖစ္သည္ဟု ကုိစာဂ်ီးက သုံးသပ္ေျပာဆိုသည္။

“မေန႔ကလြတ္လုိက္တယ္ ေျပာၿပီး ျပန္မလြတ္ေတာ့ဘူးတဲ့။ ေကအုိင္ေအ ဘက္ကေန ျပန္ခုခံတဲ့သေဘာ ထင္တယ္။ ရြာသားေတြကုိ အစုိးရ စစ္တပ္က မလြတ္ေတာ့ဘူး။ cover (အကာအကြယ္) ျပန္လုပ္ လုိက္တာေပါ့။ ဟုိဘက္က ေကအုိင္အုိေတြက ကုိယ့္လူေတြ ရွိေနေတာ့ မပစ္ေတာ့ဘူးေလ။ အဲဒါကုိ သိလုိ႔ မလြတ္ဘူး” ဟု သူကေျပာသည္။

ထိုသို႔ အစိုးရတပ္ဖက္မွ ေအာင္ဘာေလေဒသခံမ်ားကို ေခၚယူခြင့္မေပးပဲ ပိတ္ထားခ်ိန္တြင္း ၎တို႔ကို ေပၚတာဆြဲျခင္း၊ ညႇင္းပန္းႏွ္ိပ္စက္ျခင္းမ်ားျပဳလုပ္ကာ တိုက္ပြဲတြင္ နက္သဖြယ္အသုံးျပဳမည္ကို ကယ္ဆယ္ေရးအတြက္အေျခေနေစာင့္ၾကည့္သူမ်ားက စိုးရိမ္ေနၾကသည္။

Kachinnews
http://burmese.kachinnews.com
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
 တိုက်ပွဲဆက်ဖြစ်နေချိန် ဖားကန့်ဒေသခံများ အစိုးရနယ်အတွင်း ပိတ်မိနေဆဲ

အစိုးရ တပ်မ ၆၆ တပ်ဖွဲ့ (ဘယ်) နဲ့ KIA တပ်ရင်း ၆ တပ်ဖွဲ့၊ ဖားကန့်၊ ကချင်ပြည်နယ်
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်နှင့် အစိုးရ၏တပ်ဖွဲ့တို့အကြား ဇန်နဝါရီလ ၁၇ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီခန့်ထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားကာ ပိတ်မိနေသော ဘောင်ဘာလေ ဒေသခံများလည်း ပိတ်မိနေဆဲ ဖြစ်သည်ဟု KIA နှင့် ဖားကန့်ဒေသခံများက ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်မှစတင်၍ KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့နှင့် အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ တပ်တို့အကြား သုံးရက်မြောက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

“မနက် ၉ နာရီကနေ ခုချိန်ထိ ဒီနေ့ တစ်နေကုန် တိုက်ပွဲ ဖြစ်တယ်။ အောင်ဘာလေရွာသားတွေကို သူတို့ လူသားဒိုင်း လုပ်တယ်။ ကျနော်တို့က လူထုကိုထိမှာ စိုးလို့ မပစ်ဘူး” ဟု KIA တပ်ရင်း ၆ တပ်ရငး်မှူး တန်ဆိုင်းက ပြောသည်။

ဖားကန့်မြို့ပေါ်မှ ဘာသာရေးခေါင်းဆောင်များက ဇန်နဝါရီလ ၁၇ ရက် နံနက်ပိုင်းမှစတင်၍ ဖားကန့်၊ ဆိုင်းတောင်တို့မှ ကားအစီးပေါင်း ၁၀ဝ ကျော်နှင့်အတူ အောင်ဘာလေ ရွာသားများကို ကယ်ဆယ်ရန် သွားရောက်ခဲ့သော်လည်း အစိုးရ စစ်တပ် ခွင့်ပြုခြင်း မရှိသဖြင့် ယနေ့ ညနေထိ ကယ်ထုတ်နိုင်ခြင်း မရှိသေးပေ။

ယနေ့ နံနက်ပိုင်းတွင် လုံးခင်း ဘုရားကျောင်းတွင် ကား အစီး၁၀ဝ ခန့်သည် အဆင့်သင့် စောင့်ဆိုင်းနေကာ အစိုးရစစ်တပ်နှင့် ညပိုင်းတွင် သွားခွင့်ပြုလိုက်သော်လည်း ရွာသားများအား ခေါ်ယူနိုင်ခြင်း မရှိသေးကြောင်း ဖားကန့်မြို့ခံ ဦးဇော်တူးက ပြောသည်။

“နေ့လည်လောက်က သူတို့ကို သွားခွင့်ပြုလိုက်ပြီ။ ဆိုင်းရာမှာ စုထားတယ်။ ဟိုဘက်ကမ်းက (အောင်ဘာလေ) ရွာသားတွေကိုတော့ ဒီဖက်ကမ်းကို မဖြတ်ခိုင်းသေးဘူး၊ ခုညနေထိ ရွာသားတွေကို ခေါ်လို့ မရသေးဘူး” ဟု သူက ပြောသည်။

ယနေ့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ကာ ပိတ်မိနေသော အောင်ဘာလေ ကျေးရွာသားများအား ခေါ်ယူရန် ဖားကန့်မှ ဘာသာရေးခေါင်းဆောင်များက ကြိုးပမ်းခဲ့သော်လည်း ညနေထိ ပြန်လည် ကယ်ဆယ် နိုင်ခြင်း မရှိသေးကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) တာဝန်ခံ ကိုစာဂျီးက ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် ညနေပိုင်းတွင် ရွာသားများကိုထွက်ခွင့်ပြုလိုက်သော်လည်း နောက်ပိုင်းတွင် ထွက်ခွင့်မပြုဘဲရွာသားများကို အကာအကွယ်အဖြစ် အစိုးရ စစ်တပ်ကအသုံးပြုနေခြင်း ဖြစ်သည်ဟု ကိုစာဂျီးက သုံးသပ်ပြောဆိုသည်။

“မနေ့ကလွတ်လိုက်တယ် ပြောပြီး ပြန်မလွတ်တော့ဘူးတဲ့။ ကေအိုင်အေ ဘက်ကနေ ပြန်ခုခံတဲ့သဘော ထင်တယ်။ ရွာသားတွေကို အစိုးရ စစ်တပ်က မလွတ်တော့ဘူး။ cover (အကာအကွယ်) ပြန်လုပ် လိုက်တာပေါ့။ ဟိုဘက်က ကေအိုင်အိုတွေက ကိုယ့်လူတွေ ရှိနေတော့ မပစ်တော့ဘူးလေ။ အဲဒါကို သိလို့ မလွတ်ဘူး” ဟု သူကပြောသည်။

ထိုသို့ အစိုးရတပ်ဖက်မှ အောင်ဘာလေဒေသခံများကို ခေါ်ယူခွင့်မပေးပဲ ပိတ်ထားချိန်တွင်း ၎င်းတို့ကို ပေါ်တာဆွဲခြင်း၊ ညှင်းပန်းနှ်ိပ်စက်ခြင်းများပြုလုပ်ကာ တိုက်ပွဲတွင် နက်သဖွယ်အသုံးပြုမည်ကို ကယ်ဆယ်ရေးအတွက်အခြေနေစောင့်ကြည့်သူများက စိုးရိမ်နေကြသည်။

Kachinnews
http://burmese.kachinnews.com

No comments:

Post a Comment