ဆရာဝန်များနှင့် ကုသရာ၌ သုံးပတ်ထက်ကျော်လွန်သည်အထိ နှာစေခြင်း၊
နှာပိတ်ခြင်း၊ နှာရည်ယို ခြင်းများ မသက်သာပါက သက်ဆိုင်ရာနှာခေါင်းအထူးကု
ဆရာဝန်များနှင့်ပြသရန် လိုအပ်ကြောင်း ယင်းတို့မှ နှာခေါင်းအတွင်းသို့
အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
“နှာခေါင်းကင်ဆာကတော့ ရိုးရိုးနှာခေါင်းရောဂါများနှင့် ရောနေတတ်တယ်။
ကံကောင်းတာကတော့ ရိုးရိုးနှာခေါင်းရောဂါတွေကတော့ တအားကိုအဖြစ်များနေကြတယ်။
နှာခေါင်းပိတ်တိုင်း၊ နှာစေးတိုင်း တော့ စိုးရိမ်စရာမလိုပါဘူး။
အဖြစ်များတာက ရိုးရိုးနှာခေါင်းပိတ်ရောဂါဖြစ်တာပါ။ ဒါပေမဲ့ အသက် ၅၀ ကျော်
အမျိုးသားတွေနှာခေါင်းရောဂါဖြစ်ရင်တော့ သတိထားသင့်ပါတယ်” ဟု နား၊
နှာခေါင်း၊ လည် ချောင်းအထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းထိုက်ကြည်က
ပြောကြားသည်။
နှာခေါင်းကင်ဆာဖြစ်နိုင်ခြေရှိသူများ
အသက်
၅၀ ကျော်အမျိုးသားများနှင့် Chemical များနှင့်ထိတွေ့နေရသူများ၊
ဖိနပ်လုပ်ငန်းလုပ်ကိုင် သူများ၊ သစ်စက်လုပ်ငန်းလုပ်သူများ၊
အနံ့ပြင်းသည့်နေရာများတွင် လုပ်သူများအနေဖြင့် ပုံမှန်ဖြစ်လေ့ ဖြစ်ထမရှိသော
နှာခေါင်းရောဂါများနှင့် နှာရည်ထဲတွင် သွေးစများပါနေပါက တစ်လ၊ နှစ်လအတွင်း
နှာ ခေါင်းကင်ဆာဖြစ်နိုင်ခြေများသောကြောင့် အထူးဂရုစိုက်ရန်လိုအပ်ကြောင်း
ဒေါက်တာဝင်းထိုက်ကြည် က ဆိုသည်။
“ကင်ဆာ ဟုတ်မဟုတ်ဆိုတာကို
သေချာအောင် စစ်ဆေးရမယ်။ ကင်ဆာကဘယ်လောက်အထိ ပျံ့နှံ့ နေပြီလဲဆိုတာတွေကို
ကွန်ပျူတာဓာတ်မှန်တွေရိုက်ရမယ်။ နောက်တစ်ခုက ရောဂါအဆင့်ပေါ်မူတည် ပြီးတော့
ဥပမာ-နှာခေါင်းထဲမှာပဲရှိသေးတယ်ဆိုရင် ခွဲထုတ်လို့ရတယ်။
ပြန့်နေပြီဆိုရင်တော့ ပြန့်နေတဲ့ အနေအထားပေါ်မူတည်ပြီးတော့ ခွဲစိတ်မှုက
ကြီးကြီးလာနိုင်တယ်” ဟု ယင်းကဆိုသည်။
ပျံ့နှံ့မှုသည်
အလွန်များပြားပြီး မျက်လုံးအတွင်းသို့ပါ ပျံ့နှံ့သည်ဆိုပါက
မျက်လုံးထုတ်ရမည့်အဆင့် အထိရှိပြီး ဦးနှောက်ထဲရောက်သည်ဆိုပါက ကင်ဆာသည်
ကုသရန်မပျောက်ကင်းနိုင်တော့ကြောင်း ယင်းကြောင့်
အဆင့်ဆင့်ကုသမှုများရှိကြောင်း သိရသည်။
“ကင်ဆာတော့ ကင်ဆာပဲ။
ကင်ဆာထဲမှာ အနုစားရှိတယ်။ အပြင်းစားရှိတယ်။ ကင်စာအမျိုးအစား ပေါ်မူတည်ပြီး
ကင်ဆာအနုစားဆိုရင်တော့ အချိန်ရှစ်လလောက်အကြာမှာဖြစ်တယ်။ ဆိုးတဲ့ကင်ဆာ
အမျိုးအစားတွေဆိုရင်တော့ တစ်လနှစ်လအတွင်းမှာပဲ မျက်စိထုတ်ပစ်လိုက်တာတို့၊
ဦးနှောက်ထဲ ရောက်သွားတာတွေ ဖြစ်တတ်ပါတယ်” ဟု ဒေါက်တာဝင်းထိုက်ကြည်က
ထပ်မံပြောသည်။
ရောဂါလက္ခဏာများ
“နှာခေါင်းပိတ်မယ်၊
နှာရည်ကျမယ်၊ နှာစေးတယ်ဆိုရင် ရိုးရိုးနှာစေးပျောက်ဆေးလေးတွေ ဝယ်
သောက်လိုက်လို့ရပါတယ်။ ဖြစ်တာက သုံးရက်ထက်ကျော်လွန်နေပြီဆိုရင်တော့
နီးစပ်ရာဆေးခန်းမှာ ဆရာဝန်တွေနဲ့ သေချာကုသပါ။ နှာစေးတာ၊ နှာပိတ်တာက
ရောဂါဆိုးတွေဖြစ်နိုင်သလို သာမန်ဖြစ်နေ ကျ ရိုးရိုးနှာစေးတာ၊
နှာပိတ်တာရှိပါတယ်။ နှာစေးတိုင်း နှာခေါင်းပိတ်တိုင်းတော့
နှာခေါင်းဆရာဝန်နဲ့ ပြသဖို့မလိုပါဘူး။ နီးစပ်ရာ ဆရာဝန်တွေနဲ့
ပြသတိုင်ပင်သင့်ပါတယ်။ သူတို့က လိုအပ်တဲ့ကုသမှုတွေ ကို ပေးပါလိမ့်မယ်”
ဟုဆက်လက်ပြောကြားခဲ့သည်။
Democracy Today Daily
ဒီဇင်ဘာလ (၇) ရက်၊ ၂၀၁၄ ခုနှစ်
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, January 4, 2015
သုံးပတ်ထက်ကျော် လွန်သည်အထိ နှာစေးခြင်း၊ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်းများမသက်သာပါက နှာခေါင်းအထူးကုဆရာဝန်များနှင့် ပြသရန်လိုအပ်
သုံးပတ်ထက်ကျော် လွန်သည်အထိ နှာစေးခြင်း၊ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်းများမသက်သာပါက နှာခေါင်းအထူးကုဆရာဝန်များနှင့် ပြသရန်လိုအပ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 04, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 04, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment