မလေးရှားနိုင်ငံ
ကွာလာလမ်ပူ လေဆိပ်၌ ထိန်းသိမ်း ခံခဲ့ရသော မြန်မာနိုင်ငံ သားများ မြန်မာ
သံရုံး၏ ကြိုးပမ်း ဆောင်ရွက်မှုဖြင့် ပြစ်ဒဏ်ကင်း လွတ်ခွင့်ရရှိပြီး ယနေ့ည ၈
နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လေကြောင်း ခရီးဖြင့်
ပြန်လည် ရောက်ရှိ လာကြသည်။
ပြန်လည်ရောက်ရှိ လာကြသော
မြန်မာနိုင်ငံသား အမျိုးသား ၃ဝ နှင့် အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၄၅ ဦး
တို့အား မိသားစုများနှင့် ဆွေမျိုးသားချင်းများက လေဆိပ်၌ ကြိုဆိုကြသည်။
ရန်ကုန်မြို့မှ ဇူလိုင် ၈ ရက်တွင် Air Asia လေကြောင်း ဖြင့်
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ လေဆိပ်သို့ ရောက်ရှိခဲ့သည့်
မြန်မာနိုင်ငံသား ၇၅ ဦးအားလေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာမှ
မြန်မာသံရုံး၏ ကြိုးပမ်း ဆောင်ရွက်မှုဖြင့် ၁-၉-၂ဝ၁၄ တွင် ၂ဝ ဦးအား မြန်မာ
နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
မြန်မာသံရုံးအနေဖြင့်
မလေးရှားနိုင်ငံရောက် မြန်မာ နိုင်ငံသားများ၏အကျိုးစီးပွားကို
ကာကွယ်စောင့်ရှောက်ရန် အတွက် ဖမ်းဆီးထိန်းသိမ်းခံရသူများအား သွားရောက်
တွေ့ဆုံကာ ထိန်းသိမ်းရေးစခန်းတွင် အဆင်ပြေစွာနေထိုင် ရေးအတွက်
လိုအပ်သည်များ ညှိနှိုင်းပေးခြင်း၊ ဆွေမျိုး သားချင်းများနှင့်
ဆက်သွယ်ချိတ်ဆက်ပေးခြင်း စသည် တို့ကို ကူညီဆောင်ရွက်ပေးခဲ့ပြီး ဖမ်း ဆီး
ထိန်းသိမ်းခံရသူများအနက်မှ အပြစ်မဲ့ထိန်းသိမ်းသူများအား အမြန်
ဆုံးစေလွှတ်ပေးရေးအတွက် သက်ဆိုင် ရာဌာနများနှင့်ညှိနှိုင်းဆောင်ရွက်ပေး ပြီး
မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည် ထွက်ခွာနိုင်ရေး အလေးထားကူညီ
ဆောင်ရွက်ပေးရန် ညှိနှိုင်းမေတ္တာရပ် ခံခဲ့ကြောင်း သိရသည်။
သက်သေအဖြစ် ကျန်ရှိနေသော မြန်မာနိုင်ငံသား ခုနစ်ဦးကိုလည်း
မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေး နိုင်ရန် မြန်မာသံရုံးက ဆက်လက်စီစဉ်
ဆောင်ရွက်နေကြောင်း သိရသည်။
(ရီရီမြင့်၊ ဥမ္မာသန့်)
The Mirror Daily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 15, 2014
မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်၌ ထိန်းသိမ်း ခံခဲ့ရသော မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်၌ ထိန်းသိမ်း ခံခဲ့ရသော မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 15, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 15, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment