ကိုယ့်ရဲ့အမျိုးသား၊
အိမ်ထောင်ဖက်နဲ့ တစ်ခါတစ်လေ ပြသနာတက်တာမျိုး၊ ရန်ဖြစ်တာမျိုးဆိုတာ
အိမ်ထောင်ရှင်မတိုင်း ကြုံတွေ့ရမှာ မလွဲမသွေပါပဲ။ ဒါပေမယ့် ဒီလို ဖြစ်တဲ့
ပြသနာတွေကတစ်ဆင့် နောက်ပိုင်း ရှောင်ကြဉ်စရာတွေ ရှောင်ကြဉ်ဖြစ်လာမယ်၊
တစ်ဦးရဲ့သဘောထား၊ စိတ်ထားကို ပိုသိလာမယ်၊ နှစ်ဦးသား
ပိုအဆင်ပြေလာမယ်ဆိုရင် ဒီလို ပြသနာတက်တာမျိုးက ကိစ္စသိပ်မရှိပါဘူး။ ဒါပေမယ့်
ကိုယ့်ယောင်္ကျား၊ အမျိုးသားနဲ့ရန်ဖြစ်ပြီဆိုရင် ကိုယ့်အနေနဲ့
ရှောင်ကြဉ်သင့်တဲ့အရာတွေ၊ လိုက်နာသင့်တဲ့အရာတွေတော့ ရှိနေပါတယ်။
၁။လူကြားသူကြားထဲ ရန်မဖြစ်မိပါစေနဲ့။
ဒီအချက်က အလွန်ကိုအရေးကြီးတဲ့ အချက်တစ်ချက်ပါ။ နှစ်ယောက်စလုံး အရှက်တကွဲ
အကျိုးနည်းစေမယ့် ကိစ္စဖြစ်တာမို့ ဒေါသထွက်နေရင်တောင် ဒါကို ထိန်းချုပ်ပြီး
အိမ်ရောက်မှ ပြသနာဖြေရှင်းဖို့ ကြိုးစားပါ။
၂။တစ်ယောက်နဲ့တစ်ယောက် နာကျင်အောင် ပြောတာမျိုး ရှောင်ပါ။
ဖြစ်တဲ့ ပြသနာက ဘာလဲဆိုတာကို သေချာစဉ်းစားဖို့ လိုပါတယ်။ ရန်ဖြစ်ပြီဆိုရင်
အဓိက ပြသနာထက် အခြားအရာတွေကိုပါ ဆွဲသွင်းပြောဆိုတတ်ကြပါတယ်။ အဲ့ဒီလို
ပြောဆိုတဲ့အခါ ဆဲဆိုတာမျိုးတွေ ပါလာနိုင်သလို တစ်ဦးနဲ့တစ်ဦး မနာနာအောင်
တမင်ပြောဆိုလာတာမျိုးတွေ ရှိလာပါလိမ့်မယ်။ ခုလို နာကျင်အောင်
ပြောဆိုလိုက်တာမျိုးကို တစ်ဖက်သားက မမေ့နိုင်ဘူးဆိုရင် သင်တို့
အိမ်ထောင်ရေးအတွက် ကြီးမားတဲ့ အနှောင့်အယှက်တစ်ခုပါပဲ။ ရေရှည်မြဲတဲ့
စုံတွဲတိုင်းဟာ ဒီအချက်ကို ရှောင်ကြဉ်ပြီး ပြသနာကို နည်းမှန်လမ်းမှန်
ဖြေရှင်းသွားကြတာချည်းပါပဲ။
၃။တွေ့ကရာနဲ့ ပစ်ပေါက်တာမျိုး၊ ကုတ်ဖဲ့တာမျိုးတွေ မလုပ်မိပါစေနဲ့။
အကျိုးမရှိတဲ့အရာတွေထဲမှာ ပြသနာတက်ပြီဟေ့ဆိုရင် အနီးအနားကရှိတာတွေကို
တစ်ဖက်လူကို ကောက်ထုတာမျိုး၊ ကောက်ပေါက်တာမျိုး၊ ကုတ်ဖဲ့တတ်တဲ့သူတွေ
ရှိပါတယ်။ ရန်ဖြစ်ပြီးလို့ ပြန်တည့်သွားရင် ဒီဒဏ်ရာတွေကို ကိုယ်ပဲ
ဆေးလိမ်းပေးရမယ်ဆိုတာ သတိထားပါ။ ပြီးတော့ ပြသနာအရင်းအမြစ်က ဘာဆိုတာ
မဆွေးနွေးပဲ ဦးတည်ရာလွဲသွားပြီမို့ ပြသနာကလည်းမရှင်းနိုင်၊
လက်လွန်ခြေလွန်တွေလည်း လုပ်မိနဲ့ အဆုံးသတ်အဖြက ဘာဆိုဘာမှ မရှိ
ဖြစ်သွားပါလိမ့်မယ်။
၎။အတိတ်က ကိစ္စရပ်တွေကို ဆွဲမသွင်းမိပါစေနဲ့။
ခုဖြစ်တဲ့ ပြသနာက အရင်ကကိစ္စကြောင့် ဖြစ်တာမဟုတ်ရင် မင်းကအရင်တုန်းက ဘယ်လို
ဆိုတာမျိုး၊ ရှင်က အရင်တုန်းက ဘာဆိုတာတွေ ပြန်ပြောမနေပါနဲ့တော့။ အတိတ်က
ကိစ္စကို အတိတ်မှာပဲ ထားခဲ့ပါ။ ဒီလိုမှ မဟုတ်ရင်တော့ လက်ရှိမှာရော၊
အနာဂတ်မှာပါ ပျော်ရွှင်ဖွယ် အိမ်ထောင်ရေးကို ဘယ်တော့မှ
ရရှိပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။
၅။ပြသနာမဟုတ်တာကို ပြသနာ မလုပ်မိပါစေနဲ့။
နှစ်ဦးသား ရန်ထဖြစ်ကြတယ်။ ခုလို ရန်ဖြစ်ရတဲ့ အကြောင်းအရင်းက ဘာများလဲ။
ရန်ဖြစ်ဖို့အထိ မတန်တဲ့ အရာတစ်ခုကို ဇာချဲ့ပြီး ပြသနာတက်၊ အကြီးအကျယ်
ရန်ဖြစ်တာမျိုးတော့ မလုပ်မိပါစေနဲ့။
၆။ရန်ဖြစ်ထားတဲ့ ပြသနာကို သင်ခန်းစာယူပြီး နှစ်ဦးသား နောက်ပိုင်းပိုအဆင်ပြေအောင် ကြိုးစားပါ။
ဒီတစ်ခါ ရန်ဖြစ်တဲ့ အကြောင်းအရာကို နှစ်ဦးစလုံး
နားလည်သဘောပေါက်သွားပြီဆိုရင် နောက်တစ်ခါ ဒါမျိုးမဖြစ်ရအောင်
ကြိုးစားကြဖို့ လိုပါတယ်။ ဒီလိုသာ ပြင်ဆင်ကြိုးစားနေထိုင်သွားမယ်ဆိုရင်
ရန်ဖြစ်တာတွေဟာ တစ်ဖြည်းဖြည်း နည်းပါးလာပြီး တစ်ယောက်နဲ့တစ်ယောက်လည်း
နားလည်မှုပိုရှိလာပါလိမ့်မယ်။
Ref:yourtango.com
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, December 19, 2014
အိမ်ထောင်သည် အမျိုးသမီးများ ကိုယ့်အမျိုးသားနဲ့ ရန်ဖြစ်တဲ့အခါ ဒီအချက်လေးတွေ လိုက်နာသင့်တာ
အိမ်ထောင်သည် အမျိုးသမီးများ ကိုယ့်အမျိုးသားနဲ့ ရန်ဖြစ်တဲ့အခါ ဒီအချက်လေးတွေ လိုက်နာသင့်တာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 19, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 19, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment