Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 19, 2014

လေကောင်းလေသန့် ရှုရှိုက်လိုတဲ့အတွက် လေယာဉ်ရဲ့ အရေးပေါ်ထွက်ပေါက် တံခါးကို ဖွင့်လိုက်တဲ့ ပထမဆုံးလေယာဉ် စီးဖူးတဲ့ အမျိုးသား

ပထမဆုံးလေယာဉ် စီးဖူးတဲ့ အမျိုးသားတစ်ဦးဟာ လေကောင်းလေသန့် ရှုရှိုက်လိုတဲ့အတွက် လေယာဉ်ရဲ့ အရေးပေါ်ထွက်ပေါက် တံခါးကို ဖွင့်လိုက်တာကြောင့် အခြား လေယာဉ်စီးနင်းသူတွေ အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။

ကံကောင်းစွာနဲ့ပဲ ထိုအဖြစ်အပျက် ဖြစ်ပွားစဉ် မှာ လေယာဉ်ဟာ မြေပြင်မှ မထွက်ခွာရသေးတဲ့ အတွက် လေယာဉ် ၀န်ထမ်းတွေက အချိန်မီ တားဆီးခဲ့ရပါတယ်။

ထို အဖြစ်အပျက်ကို အခြား လေယာဉ် စီးနင်းသူတွေက တရုတ်နိုင်ငံရဲ့ လူမှု ကွန်ရက်တွေမှာ ရေးသားခဲ့ကြပြီး ထိုခရီးစဉ် ကတော့ ကြန့်ကြာမှု မရှိခဲ့သလို ထို တံခါးဖွင့် ခဲ့တဲ့ ခရီးသည်လည်း မည်သည့် အရေးယူမှုကိုမှ မရင်ဆိုင်ခဲ့ရပါဘူး။

ထိုအဖြစ်အပျက်ဟာ ဒီဇင်ဘာ ၈ ရက်နေ့ ည ဘက် ၉နာရီ ၁၅ မှာ ပျံသန်းမယ့် Xiamen လေကြောင်းလိုင်းရဲ့ Flight တစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Ref:mirror.co.uk

No comments:

Post a Comment