တာလီဘန် တပ်ဖွဲ့များ၏ ခေါင်းဆောင်ပိုင်းကို အဓိက ပစ်မှတ်ထား
ဖြိုခွင်းနေသော ဗျူဟာသည် ထိထိရောက်ရောက် မရှိလှကြောင်း အမေရိကန်
ထောက်လှမ်းရေးဌာန (CIA)က ယူဆထားကြောင်း သိရသည်။
အမေရိကန်၏
ထောက်လှမ်းရေး သတင်းအချက်အလက်များကို ဖော်ကောင်လုပ်ခဲ့သည့် Wikileaks
ဝက်ဘ်ဆိုက်က ၂၀၀၉ ခုနှစ်က အစီရင်ခံစာ တစ်စောင်ကို ကိုးကားပြီး ယခုကဲ့သို့
ဖော်ပြခဲ့ခြင်း ဖြစ်သည်။
အမေရိကန်သည် တာလီဘန်
ထိပ်သီးခေါင်းဆောင်ပိုင်းကို မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်မှု
အပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ကြံခဲ့သော်လည်း ယင်းဗျူဟာသည်
တာလီဘန်တို့၏ အင်အားကို အမှန်တကယ် ဆုတ်ယုတ်သွားအောင် လုပ်ဆောင်နိုင်စွမ်း
နည်းပါးလွန်းနေကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
တာလီဘန် တပ်ဖွဲ့သည် ခေါင်းဆောင်တစ်ဦး သေဆုံးသည်နှင့် နှောင့်နှေးမှု မရှိဘဲ
အစားထိုးနိုင်သည့် အရည်အသွေးမျိုးဖြင့် ဖွဲ့စည်းထားကြောင်းလည်း အဆိုပါ
အစီရင်ခံစကာ ဆိုသည်။ CIA အနေဖြင့်မူ Wikileaks တွင် ဖော်ပြထားသည့် အဆိုပါ
အချက်အလက်များအပေါ် မှတ်ချက်မပေးဘဲ နှုတ်ဆိတ်နေခဲ့သည်။
Wikileaks က
CIA သည် တာလီဘန် ခေါင်းဆောင်ပိုင်းကို အဓိကဦးတည် လုပ်ကြံသည့် ဗျူဟာကို
High Value Targeting (HVT)ဟု သုံးနှုန်း ခေါ်ဝေါ်ကြောင်းလည်း ဖော်ပြထားသည်။
HTV စစ်ဆင်ရေးများတွင် ကောင်းကျိုးအနေဖြင့် တာလီဘန်တို့၏ စစ်ရေးလှုပ်ရှားမှု
အစီအမံများကို ကမောက်ကမ ဖြစ်သွားစေခြင်း၊ စိတ်ဓာတ်ရေးရာအရ
ထိုးနှက်နိုင်ခြင်းနှင့် တာလီဘန် စစ်သွေးကြွများအတွက် အထောက်အပံ့ ကဏ္ဍများကို
လျှော့ချနိုင်ခြင်းတို့ ရှိနေကြောင်းမူ Wikileaks က ၎င်းတို့ ရရှိထားသည့်
အစီရင်ခံစာကို ကိုးကား ရေးသားခဲ့သည်။
CIA၏ အစီရင်ခံစာတွင် တာလီဘန်
တပ်ဖွဲ့များ အနေဖြင့် ခေါင်းဆောင်ပိုင်း နေရာကို စဉ်ဆက်မပြတ် အစားထိုးရန်
ကောင်းမွန်သော အစီအမံများ ရှိနေပြီး အထူးသဖြင့် အလယ်အလတ်အဆင့်
ခေါင်းဆောင်ရာထူးများကို အကောင်းဆုံး ဖြည့်စွမ်းနိုင်သည့် ရင်းမြစ်မျိုး
ရှိနေကြောင်းလည်း ဖော်ပြပါရှိသည်။
အဆိုပါ အစီရင်ခံစာ
ထွက်ပေါ်လာပြီး ၂၀၀၉ ခုနှစ် နောက်ပိုင်းကတည်းက အမေရိကန် သမ္မတ
ဘားရတ်အိုဘားမားသည် ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ တာလီဘန်နှင့်
အယ်လ်ကိုင်ဒါ ခေါင်းဆောင်ပိုင်းကို မောင်းသူမဲ့ လေယာဉ်များဖြင့်
ဗုံးကြဲတိုက်ခိုက်သည့် စစ်ဆင်ရေးများ ဆက်လက် အရှိန်မြှင့်တင်စေခဲ့ပြီး
ယီမင်ရှိ စစ်သွေးကြွများကိုလည်း အလားတူ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
_Ref: BBC
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, December 19, 2014
ခေါင်းဆောင်တစ်ဦး လုပ်ကြံခံရပါက အကောင်းဆုံး အစားထိုးနိုင်သည့် စွမ်းရည်မျိုး တာလီဘန်တို့ ပိုင်ဆိုင်ထား
ခေါင်းဆောင်တစ်ဦး လုပ်ကြံခံရပါက အကောင်းဆုံး အစားထိုးနိုင်သည့် စွမ်းရည်မျိုး တာလီဘန်တို့ ပိုင်ဆိုင်ထား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 19, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 19, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment